Wednesday, February 19, 2014

မြန်မာ့ရေပိုင်နက် အတွင်း ၀င်ရောက်၍ တရားမ၀င် TUNA ငါးဖမ်းလှေ (၅)စီးအား တပ်မတော်(ရေ)မှ ဖမ်းဆီးရမိ

မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမ၀င် ၀င်ရောက်၍ ငါးခိုးဖမ်းလျက် ရှိသော CITRA NUSANTARA- VI(FT-102) ၊ CITRA NUSANTARA- VI(FT-101) ၊ SRI FU FA- NO-7 ၊ KM REDJEKIBRARD ၊ YI HONG 66 OTS -040 TUNA ငါးဖမ်းလှေ (၅) စီးအား ဗိုလ်မှူးဇော်ဝင်း ဦးစီး စစ်ရေယာဉ် (၅၆၇) နှင့် ဗိုလ်မှူး မိုးကျော်လွင် ဦးစီး စစ်ရေယာဉ် (၅၅၉) တို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက် နေ့တွင် တရားခံ ထိုင်ဝမ် နိုင်ငံသား တစ်ဦး ၊ အင်ဒိုနီးရှားင်ငံသား (၅၅) ဦး 




အပါအ၀င် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ၍ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် မြိတ်မြို့ရှိ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များအား လုပ်ထုံးလုပ်နည်း များနှင့်အညီ အပ်နှံလျက် ရှိကြောင်း သတင်းရရှိသည်။

0 comments: