Wednesday, October 1, 2014

ကျွန်းစုမြို့နယ် ရေကန်တောင် ကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် အစီအစဉ် မရှိသေး

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ က ကျွန်းစုမြို့နယ်၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး ဒု- ဝန်ကြီးဒေါ်သိန်းသိန်းဌေး က ကျွန်းစုမြို့နယ်၊ ရေကန်တောင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေး ရန် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်းနှင့် ၂၀၁၄-၁၅ ခု၊ ဘဏ္ဍာရေး နှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်  
ဖြေကြားခဲ့သည်။ 

ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်ရန် ကျန်းမာရေး ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၁၀၀ ခွင့်ပြုခဲ့ပါကြောင်း၊  သစ်ရာဝ တိုက်နယ်ဆေးရုံ၊ ပထက် တိုက်နယ် ဆေးရုံ၊ မောတောင် တိုက်နယ်ဆေးရုံများ ဆောက်လုပ်ရန် အတွက်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၁၅၀ စီ၊ ကန်မှော် တိုက်နယ် ဆေးရုံ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် အတွက် သန်း ၅၀ ၊ ကျွန်းစုမြို့နယ်၊ မောင်းလှော် တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်းအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ် ၃၅၀ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ် ၂၀၅ သန်းကို ခွင့်ပြုထားခဲ့သည် ဖြစ်ခြင်းကြောင့် ကျွန်းစုမြို့နယ်၊ ရေကန်တောင် တိုက်နယ် ဆေးရုံ တည်ဆောက် ပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစီအစဉ် မရှိသေးပါ ကြောင်း၊  ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုချက် ရရှိရေး အတွက် ဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ကြောင်း သိရှိရသည်။

0 comments: