Wednesday, October 15, 2014

ကျွန်းစုမြို့နယ် ထိန်ချောင်းရွာ အောင်တော်မူ သာသနာ့ရိပ်သာ (၁၈)ကြိမ်မြောက် ကထိန် အလှူတော် ကျင်းပ

ကျွန်းစုမြို့နယ် ထိန်ချောင်းရွာ အောင်တော်မူ သာသနာ့ရိပ်သာ (၁၈)ကြိမ်မြောက်
ကထိန် အလှူတော် ကျင်းပ


တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင်နှင့် ဇနီး ဒေါက်တာ ဒေါ်အေးခိုင်ညွန့် မိသားစုတို့မှ လှူဒါန်းသော ကထိန်အလှူတော် မင်္ဂလာအား ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

  

အလှူတော် မင်္ဂလာ ကျင်းပသည့် နေ့ရက် နံနက်ပိုင်းတွင် သံဃာတော် အရှင်သူမြတ် (၄၅)ပါးနှင့် ဧည့်ပရိသတ် (၁၀၀) ခန့်အား အရုဏ်ဆွမ်း မုန့်ဟင်းခါး ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက် နံနက် (၉)နာရီ အချိန်တွင် ကထိန် အလှူမင်္ဂလာပွဲ စတင် ကျင်းပခဲ့ကာ သံဃာတော် အရှင် သူမြတ်များထံမှ ကထိန်အလှူ အနုမောဒန တရား နာယူကြသည်။ 
 ထိုနောက် သံဃာတော်အရှင်သူမြတ် (၄၅)ပါးအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ကတန်ကျွန်းပေါ်ရှိ ကျေးရွာများမှ ဧည့်ပရိတ် (၁၀၀၀) ခန့်အား နေ့လည်စာ ကျွေးမွေး လှူဒါန်းခဲ့ကာ ဒေသခံ ကျေးရွာသူ / ကျေးရွာသားများမှလည်း မီးပုံးပျံ လွှတ်တင် ပူဇော်ခဲ့ကြောင်း သတင်းရပါသည်။

0 comments: