Saturday, October 18, 2014

မဘသ(မြိတ်) နှစ်ပတ်လည် အစည်းအဝေး၊ ၀ံသာနု ရက္ခိတ (မြိတ်) ဖွဲ့စည်းခြင်းနှင့် ဗုဒ္ဓ ဓမ္မ စာပေ ဟောပြောပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်

မဘသ(မြိတ်) နှစ်ပတ်လည် အစည်းအဝေး၊ ၀ံသာနု ရက္ခိတ (မြိတ်) ဖွဲ့စည်းခြင်းနှင့်
ဗုဒ္ဓ ဓမ္မ စာပေ ဟောပြောပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်

--------------------------------------------------
အမျိုးစောင့် ဥပဒေ ပေါ်ထွန်းရေး အတွက် ဆောင်ရွက်နေသည့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မြိတ်မြို့နယ် (မဘသ -မြိတ်) နှစ်ပတ်လည် အစည်း အဝေး ပွဲနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနု ရက္ခိတ အဖွဲ့ ဖွဲ့စည်းခြင်း၊ ဗုဒ္ဓ ဓမ္မ စာပေ ဟောပြောပွဲ ပြုလုပ်ခြင်းကို မြိတ်မြို့ အေးရိပ်ချောင်လမ်းရှိ အေးရိပ်ချောင် မဟာစည် သာသနာ့ ရိပ်သာ တွင် သီတင်းကျွတ် လပြည့်ကျော် (၉)ရက် (၁၇-၁၀-၂၀၁၄) ရက်နေ့ သောကြာနေ့ နေ့လည် (၁)နာရီ အချိန်တွင် ကျင်းပပြု လုပ်သည်။

အခမ်းအနားတွင် ဒေါက်တာ ဦးကောဝိဒ နှင့် မြိတ်မြို့နယ် မဘသ ဥက္ကဌ ဆရာတော် ဦးဓမ္မဝံသ တို့မှ သြ၀ါဒ ကထာ မြွက်ကြား ပီးနောက် မဘသ (ဗဟို)မှ ဆရာတော် ဒေါက်တာ ဦးသောပါကက အမျိုးသားရေး တရားတော်များ ဟောကြားသည်။

ထိုနောက် သာကီသွေး ဂျာနယ်၊ အောင်ဇေယျတု ဂျာနယ် အယ်ဒီတာချုပ် ဆရာ မောင်သွေးချွန်နှင့် ဥပဒေ ပညာရှင် ဦးအေးပိုင်တို့က ဗုဒ္ဓ၊ ဓမ္မဆိုင်ရာများ၊ အမျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ သိကောင်း စရာများ ဟောပြောခဲ့သည်။

ထိုအခမ်းအနား သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ၀ံသာနု ရက္ခိတ (မြိတ်) အဖွဲ့ဝင်များ၊ အမျိုးစောင့် ဥပဒေ ထောက်ခံသူများ ၊ လေ့လာသူများ အင်အား (၇၀၀) နီးပါးခန့် တက်ရောက်ကြောင်း သတင်း ရရှိသည်။

0 comments: