Thursday, October 2, 2014

မြိတ်မြို့တွင် ရွှေရတု ရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့်(ရွေရတု) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်း အဝေး ခန်းမတွင် အောက်တိုဘာလ (၁) ရက် နံနက်(၉)နာရီက ကျင်းပရာ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ နှစ်(၅၀)ပြည့်(ရွေရတု) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်း ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က ဖတ်ကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်သူများအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ ကြပြီး အခမ်းအနား ခေတ္တရပ်နားခဲ့သည်။

ဆက်လက်၍ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးက တပ်ဖွဲ့ဝင်များအား အမှာစကား ပြောကြားသည်။ ထိုနောက် ထူခြား မှုခင်း အများဆုံး ဖမ်းဆီးရရှိမှု၊ မူးယစ်ဆေးဝါးများ အများဆုံး ဖမ်းဆီးရရှိမှု၊ လောင်းကစား အများဆုံး ဖမ်းဆီးရရှိမှု၊ ပြေးလေးပြေး အများဆုံး ဖမ်းဆီးရရှိမှု ဆုရရှိသော တပ်ဖွဲ့ဝင်များနှင့် တစ်နှစ်တာလုံး ခွင့်လုံးဝ မယူသော တပ်ဖွဲ့ဝင်များနှင့် စားရေး ၀န်ထမ်းများအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ခရိုင် အရန် နေအိမ် လိုင်းခန်းနှင့် မြို့မရဲစခန်း နေအိမ်လိုင်းခန်း သန့်ရှင်းရေး အကောင်းဆုံးဆု ရရှိကြသူများအား မြိတမ်ခရိုင်ရဲတပ်ဖွဲ့ မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဇနီးဒေါ်ရီရီလွင်က လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။
မြိတ်ပြန်ဆက်

0 comments: