Sunday, October 26, 2014

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီး၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီး၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ်မြို့နယ် အတွင်း မီးဘေး ကြိုတင် ကာကွယ်ရေး အဖြစ် မြိတ်မြို့ အတွင်းရှိ မြို့နယ် မီးသတ်တပ်ဖွဲ မီးသတ်ယာဉ်များ ၊ ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် (၇)နာရီ ခွဲအချိန်က မြိတ်မြို့ ဆိပ်ငယ်ဈေးကြီး၌ ပြုလုပ်သည်။






ထိုသို့ ဇာတ်တိုက် လေ့ကျင့်ရာ၌ ဆီမီးလောင်မှုကို ရေမှုန် ရေမွှား မီးငြိမ်းသတ်ရေး ကိရိယာဖြင့် ဦးစွာ ပထမ ငြိမ်းသတ်ပြီး ဈေးအတွင်း ပိတ်မိနေသော လူနာများကို ကယ်ဆယ်ရေး တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့များမှ ရှာဖွေ ကယ်ဆယ်ပြီး ရှေးဦး သူနာပြုစုခြင်း ဆောင်ရွက်သည်။

ထိုနောက်  မြို့နယ် မီးသတ်တပ်ဖွဲ မီးသတ်ယာဉ်များ ၊ ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်များ ရေသယ်ယာဉ်များ စုစုပေါင်း (၁၆)စီးနှင့် နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ သတ်မှတ် နေရာများတွင် နေရာယူ မီးငြှိမ်းသတ်ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ယာဉ် (၁၆)စီး၊ သန္ဓေနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဈေးသူ ဈေးသားများ ရဲတပ်ဖွဲ့ဝင်များ ပါဝင် ဆောင်ရွက်ခဲ့ကြပြီး မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း နှင့် နံနက် (၇)နာရီ (၅၀)မိနစ်တွင် ဇာတ်တိုက်လေ့ကျင့်မှု ပြီးဆုံးကြောင်း သတင်းရရှိသည်။

0 comments: