Friday, October 10, 2014

ကျွန်းစုမြို့နယ် မောင်းလှော် အထက(ခွဲ)သို့ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း တစ်စုံ လှူဒါန်း

မြိတ်ခရိုင် ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာ အထက(ခွဲ)ကျောင်း ပညာ သင်ကြား ရေးတွင် အသုံးပြုရန် အတွက် ဗိုလ်မှူးနေမျိုးထိုက်+ မခိုင်ဆုဝေ တို့မှ ကွန်ပျူတာနှင့်  ဆက်စပ် ပစ္စည်း တစ်စုံ လှူဒါန်းခြင်းကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ နံနက် (၉)နာရီ (၄၅) အချိန်တွင် မောင်းလှော် ကျေးရွာ ဓမ္မာရုံ၌ ကျင်းပ ပြုလုပ် ပါသည်။ 


အခမ်းအနားတွင် အလှူရှင်များ ကိုယ်စား အဖေဖြစ်သူ ဦးဘစိန်မှ ပေးအပ်၍ အထက(ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းဦးက လက်ခံ ရယူသည်။ ထိုနောက် ဆရာမကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူတင်စကား ပြောကြားသည်။  ထိုအခမ်းအနားသို့ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်မဖများ ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: