Friday, October 3, 2014

မြိတ် - ကျွန်းစု အဏ္ဏ၀ါဗေဒ ဘေးမဲ့ဇုံသတ်မှတ်ရေးအတွက် နေရာဒေသသတ်မှတ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ် - ကျွန်းစု အဏ္ဏ၀ါဗေဒ ဘေးမဲ့ဇုံသတ်မှတ်ရေးအတွက် နေရာဒေသသတ်မှတ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ် အောက်တိုဘာ ၃ ရက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစု ရေငန်ငါးသယံဇာတ ကာကွယ်စောင့်ရှောက် ထိန်းသိမ်း ကြရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန၊ Fauna & Flora International (FFI) နှင့် International Union for the Conservation of Nature (IUCN)တို့ ပူးပေါင်း ကျင်းပသော မြိတ်-ကျွန်းစု အဏ္ဏ၀ါဗေဒ ဘေးမဲ့ဇုံ သတ်မှတ်ရေး အတွက် နေရာဒေသ သတ်မှတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တို ဘာလ(၂)ရက် နံနက်(၉)နာရီက မြိတ်ဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက အမှာစကားပြောကြားသည်။ ယင်းနောက် Fauna & Flora International (FFI)မှ မြန်မာနိုင်ငံ တာဝန်ခံ Mr.Frank Momberg နှင့် International Union for the Conservation of Nature (IUCN) မှ မြန်မာနိုင်ငံ တာဝန်ခံ Ms. Meave Nightingale တို့မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ (FFI) နှင့် (IUCN)တို့မှ မြိတ်ကျွန်းစုအတွင်းရှိ အဏ္ဏ၀ါ သယံ ဇာတများ ကာကွယ်ရေးဧရိယာနှင့် အဏ္ဏ၀ါသယံဇာတများအား ကာကွယ်ထိန်းသိမ်းခြင်း အစီအစဉ် ဆိုင်ရာတို့နှင့်ပတ်သက်၍ ခြုံငုံ သုံးသပ်ခြင်းဆိုင်ရာ စာတမ်းကို ဖတ်ကြားတင်ပြသည်။ ယင်းနောက် Prince of Songkla University မှ Dr. James True ၊ IUCN မှ Mr. Robert Howard နှင့် Dr.Panwad Wongthong တို့က မြိတ်ကျွန်းစုအတွင်း Prince of Songkla University နှင့် IUCN တို့၏ လေ့လာထားမှုနှင့်ပတ်သက်သည့် စာတမ်းများနှင့် ဆန်းစစ်သုံးသပ် ထားမှု စာတမ်းကို ဖတ်ကြား တင်ပြခဲ့ကြသည်။

` ဆက်လက်၍ Bay of Bengal Large Marine ECOsystem (BOBLME)မှ Mr. Muralid haran က (BOBLME) စီမံကိန်း၏ ဘင်္ဂလားပင်လယ်အော်အတွင်း အဏ္ဏ၀ါကာကွယ်ရေးရေပြင် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများစာတမ်းကိုလည်ကောင်း၊ Mr.PetchManopawiter နှင့် Ms.Meave Nitinagle တို့မှ အဏ္ဏ၀ါ ကာကွယ်ရေးရေပြင် စီမံခန့်ခွဲခြင်းဆိုင်ရာနှင့်ပတ်သက်သည့် မိတ်ဆက်ပေးခြင်းစာတမ်းနှင့် အဏ္ဏ၀ါ ကာကွယ်ရေးရေပြင်တည်ထောင်ခြင်းဆိုင်ရာ ဥပဒေသများစာတမ်းကိုလည်ကောင်း၊ Mr.Frank Momberg မှ နောက်တဆင့်လုပ်ကိုင်မည့် အဏ္ဏ၀ါကာကွယ်ရေးရေပြင် တည်ထောင်ခြင်း စာတမ်းကိုလည်ကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။

ထိုနောက် မြိတ်-ကျွန်းစုအတွင်း အဏ္ဏ၀ါဗေဒ ဘေးမဲ့ဇုံသတ်မှတ်ရေးအတွက် နေရာဒေသ သတ် မှတ်ရေးနှင့် ရေငန်ငါးသယံဇာတကာကွယ်စောင့်ရှောက်ထိန်းသိမ်းကြရေး ရေရှည်မျှော်မှန်း ချက်များနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဦးစီးဌာန၊ မြိတ်တက္ကသိုလ်မှ ဆရာ/မများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များ၊ ငါးလုပ်ငန်းပညာရှင် များ၊ ဖိတ်ကြားထားသူများက ငါးလုပ်ငန်းဆိုင်ရာအဖွဲ့၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအဖွဲ့၊ အလုပ်အကိုင် အခွင့် အလှမ်းဆိုင်ရာအဖွဲ့ အဖွဲ့(၃)ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြပြီး အဖွဲ့အလိုက် ဆွေးနွေးချက်များအား အဖွဲ့ကိုယ်စား လှယ်တစ်ဦးတို့မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပထမနေ့ အလုပ်ရုံဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်/

မြိတ် ပြန်ဆက်

0 comments: