Friday, October 3, 2014

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မြိတ်ခရိုင်အတွင်း ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မြိတ်ခရိုင်အတွင်း ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မြိတ် အောက်တိုဘာ ၂ ရက်

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးခင်မောင်အေးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောသတ္တုဝန်ကြီး ဦးတင်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၁)ရက် နံနက်(၁၀)နာရီက ကျွန်းစုမြို့နယ် ရေပြည် အော်ကျေးရွာ ရေပြင်တွင် ဦးမောင်ကြီး လှောင်အိမ်ဖြင့် ကျောက်ငါး စမ်းသပ်မွေးမြူနေမှုအား သွာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ကျောက်ငါးစမ်းသပ်မွေးမြူနေမှုအား ပြည်ထောင်စု ဒုတိယ၀န်ကြီး က ကျောက်ငါးအရွယ်စုံ မွေးမြူထားမှုနှင့်ပတ်သက်၍ ငါးအရွယ်အစားအလိုက် Uniformality အရွယ်အစားတူ ခွဲခြားမွေးမြူရန်၊ ငါးအရွယ်အစားအလိုက် အစာကို ရွေးချယ်ကျွေးရန်၊
ရေအရည်အသွေး Water Quality ဂရုစိုက် ဆောင်ရွက်ရန် ပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု ဒုတိယ၀န်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပန်းဇင်ကျေးရွာ ရှိ ဒေသခံပြည်သူများ၊ ငါးလုပ်ငန်းလုပ်ကိုင်နေသူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ ၏
လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကက္ကူရံ ငါး ကာကွယ်ထိန်းသိမ်းလျက်ရှိသော Protected Area ဖြစ်သည့် ၀က်ဖြူတောင် သားများမိကျွန်း အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖိနပ်ကျွန်းကျေးရွာတွင် လက်ယက်တုံကင်ရေတွင်းများ တူးဖော်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စု ဒုတိယ၀န်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၂)ရက် နံနက် (၇း၃၀)နာရီက မြိတ်မြို့ နောက်လယ်ရပ်ရှိ ဦးဇော်ဝင်း ငါးအ၀ယ်ဒိုင်စခန်းတွင် ငါးဝယ်ယူမှုအခြေအနေနှင့် ပြည်ပတင်ပို့နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ငါးဈေးတည်ငြိမ်မှုရှိရေး၊ အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြိတ်မြို့ရှိ အသေးစား အလတ်စား ငါးခြောက်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းရှင်များအား ဘေးအန္တရာယ် ကင်းရှင်းသည့်
ရေထွက်ပစ္စည်းဖြစ်ရေး၊ အကျိုးအမြတ်ရရှိရေး၊ ငါးခြောက်လုပ်ငန်းရှင် အစုအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: