Friday, October 10, 2014

မဘသ(မြိတ်)နှစ်ပတ်လည် အစည်းအဝေး၊ ၀ံသာနု ရက္ခိတ (မြိတ်) ဖွဲ့စည်းခြင်းနှင့် ဗုဒ္ဓစာပေ ဟောပြောပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်မည်

မဘသ(မြိတ်)နှစ်ပတ်လည် အစည်းအဝေး၊ ၀ံသာနု ရက္ခိတ (မြိတ်) ဖွဲ့စည်းခြင်းနှင့်
ဗုဒ္ဓစာပေ ဟောပြောပွဲ မြိတ်မြို့၌ ကျင်းပပြုလုပ်မည်



အမျိုးစောင့် ဥပဒေ ပေါ်ထွန်းရေး အတွက် ဆောင်ရွက်နေသည့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မြိတ်မြို့နယ် (မဘသ-မြိတ်) နှစ်ပတ်လည် အစည်းအဝေး ပွဲနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနု ရက္ခိတ အဖွဲ့ ဖွဲ့စည်းခြင်း၊ ဗုဒ္ဓ ဓမ္မ စာပေ ဟောပြောပွဲ ပြုလုပ်ခြင်းကို မြိတ်မြို့ အေးရိပ်ချောင်လမ်းရှိ အေးရိပ်ချောင် မဟာစည် သာသနာ့ ရိပ်သာ တွင် သီတင်းကျွတ် လပြည့်ကျော် (၉)ရက် (၁၇-၁၀-၂၀၁၄) ရက်နေ့ သောကြာနေ့ နေ့လည် (၁)နာရီ အချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူ မဆို တက်ရောက် နိုင်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အခမ်းအနားတွင် ဗုဒ္ဓ ဓမ္မ စာပေ ဟောပြောပွဲကိုပါ ကျင်းပပြုလုပ်မည် ဖြစ်ရာ မဘသ (ဗဟို)မှ ဆရာတော် ဦးသောဘိတ၊ သာကီသွေး ဂျာနယ်၊ အောင်ဇေယျတု ဂျာနယ် အယ်ဒီတာချုပ် ဆရာ မောင်သွေးချွန်၊ ဥပဒေ ပညာရှင် ဦးအေးခိုင်တို့မှ ဗုဒ္ဓ ဓမ္မ ဆိုင်ရာ များ၊  ဟောပြော သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

0 comments: