
မြိတ်ရိုးရာ
ဓလေ့ လူကျားကပွဲသည် နှစ်စဉ် တန်ခူးလတွင် ကပြလေ့ရှိပြီး
မြိတ်ခရိုင် အတွင်းရှိ ပုလော၊ တနင်္သာရီ မြို့နယ်များ
တွင်လည်း ရိုးရာမပျက်
ကပြခဲ့ကြသည်။ မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ
နှစ်ဆန်း တန်ခူးလ ၌ ကလေ့
ရှိကြောင်း မှတ်တမ်းများအရ
သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ
ပုလောရိုးရာ ဟု ဆိုသလို၊ အချို့
က ပသျှူးတို့ ၏
အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့်
မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။
...