Monday, July 28, 2014

မြိတ်မြို့၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

၂၅-၇-၂၀၁၄ ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်တွင်  မြိတ်ခရိုင် ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ်ချိုလွင် နှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ (၃)ရပ်ကွက်၊ စေတနာ လမ်းသွယ်နေ ဖြိုးမောင်မောင် (ခ) ဖြိုးမောင် ၊ အသက် (၃၂)နှစ် (ဘ) ဦးမြင့်သိန်း ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေစဉ် နေအိမ် အိပ်ခန်းအတွင်း အ၀တ်ထည့် လက်ဆွဲအိတ်အတွင်းမှ ဘိန်းစာမှုန့် (၂၁)ထုပ် သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးမေးမြန်း ရှာဖွေရာ မြိတ်မြို့၊ 



မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက် (၁)ရပ်ကွက်၊ သုခလမ်းသွယ် ပိုင်ရှင်အမည်မသိ ဓနိတောထဲ တွင်းတူးမြေမြှုပ်ကာ အပေါ်ဓနိခက်များ ဖုံးအုပ်ထားသည့် ဘိန်းစာမှုန့် (၇၁၇)ထုပ်၊ စုစုပေါင်း (၇၃၈) ထုပ် (အလေးချိန် ၅၁.၆၆ ကီလိုဂရမ် )အား သိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးမောင်မောင် (ခ) ဖြိုးမောင် အား မြိတ် မြို့မရဲစခန်း မယ (ပ) ၄၀/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

0 comments: