Saturday, July 26, 2014

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသို့ ဆန်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကို၏လမ်းညွှန်မှုအရ ၀န်ကြီးချုပ်အပါအဝင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏လစာငွေမှ တစ်လလျှင် တစ်သိန်းစီထည့်ဝင်ငွေ ကျပ်(၁၃)သိန်းကို တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ(၁ဝ)မြို့နယ်အနက် တစ်လလျှင် (၆သိန်းခွဲစီ)ဖြင့် မြို့နှစ်မြို့မှ ပရဟိတဂေဟာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ တရားစခန်းများသို့ လစဉ်အလှည့်ကျ လှူဒါန်းလျက်ရှိရာ ဇူလိုင်လ(၂၄)ရက် နနံက်၉နာရီခွဲ အချိန်၌ တနင်္သာရီမြို့နယ်၊ ပဝကျောင်းကြီး ဆရာတော်အရှင်သောဘဏ ဦးစီး၍ဖွင့်လှစ်ထားရှိသည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ(ကျား)ဂေဟာ၌ ဆန်လှူဒါန်းခြင်းအခမ်း အနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (ကိုယ်စား) သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုး မှ ဂေဟာနေကျောင်းအိပ်ကျောင်းစား ကျောင်းသား(၂၅)ဦး တို့၏ စားဝတ် နေရေးဆင်ပြေစေရန်အတွက် ဆန်(၁ဝ)အိတ် နှင့် ဗလာစာအုပ် တစ်ဒါဇင်စီ ပေးအပ်လှူဒါန်းရာ ပရဟိတဂေဟာဥက္ကဌ ဦးစန်းသွယ်ကလက်ခံရယူပြီး ဝန်ကြီးနှင့်အဖွဲ့က ဆရာတော်အားအလှူငွေဆက်ကပ် လှူဒါန်းကြသည်။


ဆက်လက်၍ ဆရာတော်အရှင်ပညာဒီပ ဦးဆောင်လျက်ဖွင့်လှစ်ထားသည့် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အုပ်စု လေးမိုင်ယဉ်ငေးရိပ်သာဘုန်းတော်သင် ပညာရေးကျောင်းတွင် ဆန်လှူဒါန်းခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ် ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ကာ ဆရာတော်ထံမှသြဝါဒ ခံယူကြ သည်။ ထိုနောက်သစ်တော/သတ္တုဝန်ကြီးဦးတင်စိုးမှ လာရောက်လှူဒါန်းရခြင်း ရည်ရွယ်ချက်အားလျှောက်ထားပြီး၊ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူကကျောင်းနေကျောင်းစား ဆရာမ(၃)ဦးနှင့် ကျောင်းသူ/သား(၂၁) ဦး၊ ပေါင်း(၂၄)ဦးတို့ အတွက် ဆန်(၁ဝ)အိတ် လာရောက် လှူဒါန်းဖြစ်ကြောင်းပြောကြားပြီး၊ ဝန်ကြီးမှ ဆန်အိတ်များ ပေးအပ် လှူဒါန်းရာဆရာတော်ကိုယ်စား ဂေါပကဦးသန်းနိုင်ကလက်ခံယူသည်။ သူငယ်တန်းမှ  စတုတ္ထတန်း အထိ ကျောင်းသူ/ သား(၆၉)ဦးနှင့်မူကြိုကျောင်း(၁၃)ဦး စုစုပေါင်း(၈၂)ဦးတို့အတွက် ဗလာစာအုပ်(၄၁)ဒါဇင်ကိုဝန်ကြီးနှင့်တာဝန်ရှိသူများ ကထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသူ /သားများနှင့် ကျောင်းသားမိဘများက ဝမ်းသာပီတိကျေးဇူးတင်လျက်ရှိ ကြောင်းသိရသည်။

ယင်းနောက်ဂေါပကအဖွဲ့မှတင်ပြတောင်းဆိုသည့်အရှည်(၂ဝဝပေ)xအကျယ်(၆)ပေရှိ ကျောင်းသို့ အဝင်လမ်း အတွက် သစ်တော/သတ္တုဝန်ကြီးဦးတင်စိုး+ဇနီးဒေါ်ခင်ချိုသင်း မိသားစုက အလှူငွေကျပ်(၃)သိန်း လှူဒါန်းပေးသည်။ ထို့အတူ ၄င်းလေးမိုင်ယဉ်ငေးရိပ်သာ ဘုန်းတော်သင်ပညာရေးကျောင်းတွင် ဒေသခံစေတနာရှင်လုပ်အားပေးဆရာမ (၄)ဦးနှင့်ကျောင်းဖွံ့ဖြိုးရေးအတွက်တနင်္သာရီမြို့၊ချောင်းငယ်ရပ်ကွက်၊ ဝဏ္ဏလမ်းနေ ဦးအင်ကွီး+ဒေါ်သန်းဖြူမိသားစုမှ လစဉ်အလှူငွေ(၅ဝဝဝဝကျပ်)နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီမှလည်း လစဉ်အလှူငွေ (၃ဝဝဝဝကျပ်) လှူဒါန်းမည်ဟု သိရသည်။ ဆန်လှူဒါန်းပွဲ အခမ်းအနားကို ဗုဓ္ဒသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်သည်။
အလားတူ ကော့မပြင်းကျေးရွာအုပ်စု၊ ဖိုးကျွန်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှ ကျောင်းသူ/သား(၄၃)ဦးတို့ အတွက်လည်း ဆန်(၁ဝ)အိတ်နှင့်ဗလာစာအုပ်များ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြိတ်ပြန်ဆက်

0 comments: