Saturday, July 26, 2014

ပြည့်ဖြိုးထွန်း ကုမ္ပဏီမှ ကမကထ ပြု၍ မျက်စိရောဂါ ဝေဒနာရှင်များအား မြိတ်မြို့တွင် အခမဲ့ ခွဲစိတ် ကုသပေးမည်

ပြည်ဖြိုးထွန်းကုမ္ပဏီမှ ကမကထပြု လုပ်၍  မြိတ်ခရိုင် အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသပေးခြင်းကို သြဂုတ်လ (၁၄)ရက်နှင့် (၁၇) ရက်နေ့ အထိ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မျက်စိ အခမဲ့ ခွဲစိတ်ကုသခြင်းအား နီပေါနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးနှင့် ဆေးပညာရှင်များ၊ ကျန်းမာရေး ၀န်ကြီး ဌာနမှ မျက်စိ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ မြိတ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး တွင် အခမဲ့ ခွဲစိတ် ကုသပေးမည် ဖြစ်သည်။

မြိတ်ခရိုင် အတွင်းရှိ အသက် (၁၅)နှစ်နှင့် အထက် ရှိသူ မျက်စိ ဝေဒနာ ရှင်များ အနေဖြင့် မိမိတို့ နေထိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည် ဖြစ်ပြီး သြဂုတ်လ (၇) ရက်နေ့နှင့် (၈) ရက်နေ့တွင် မြိတ်မြို့ရှိ ဝေဒနာရှင်များအား လည်းကောင်း၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များမှ မျက်စိရောဂါ ဝေဒနာရှင်များကို သြဂုတ်လ(၉) ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် လည်းကောင်း မြိတ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် စမ်းသပ် စစ်ဆေးပေး သွားမည်ဖြစ်သည်။

ထိုသို့ စမ်းသပ်စစ်ဆေးပြီးနောက် ခွဲစိတ်ကုသရမည့် ဝေဒနာရှင်များအား ခွဲစိတ်ရမည့်ဝေဒနာရှင်များအား သြဂုတ်လ(၁၄)ရက်မှ (၁၇)ရက်နေ့အတွင်း ခွဲစိတ်ကုသပေး သွားမည်ဖြစ်သည်။ ခွဲစိတ်ကုသ ခံရမည် ဝေဒနာ ရှင်များနှင့် လူနာစောင့်များအတွက် နေထိုင်ရေး၊ စားသောက်ရေး၊ သွားလာရေး များတွက် ပြည့်ဖြိုးထွန်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: