Tuesday, July 1, 2014

မယုံမရှိနဲ့ ကိုယ်တွေ့

သစ္စာတရား လိုလားသူမို့ အမှန်တရား တင်ပြပါရစေ ၊ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။ ၂၆-၆-၂၀၁၄ ရက်နေ့ နံနက် (၁၁)နာရီခွဲကျော်ကျော် အချိန်လောက်က ကျွန်မသည် ကိစ္စတစ်ခုဖြင့် မြိတ်မြို့နယ် တရားရုံးရှေ့သို့ အရောက် တရားရုံး လမ်းဆုံ အဆင်းတွင် ဆူဆူညံညံ အသံကြားလိုက်ရပါသည်။ ဆူညံနေ၍ သွားကြည့်တော့ အမျိုးသမီးတစ်ဦးအား ရဲယူနီဖောင်းဝတ် ရဲမေ တစ်ဦးနှင့် အခြား အမျိုးသမီး တစ်ဦးတို့မှ အမှုကိစ္စအတွက် ရုံးသို့ လိုက်ခဲ့ရန် အေးအေး ဆေးဆေး ပြောဆိုရာ အဆိုပါ အမျိုးသမီးက မလိုက်နိုင်ကြောင်း၊ အော်ဟစ် ပြောဆိုပြီး တရားရုံးဘက်မှ အခွန်ရုံးဘက်သို့ ဆင်းလျှောက်သွားသဖြင့် ရဲမေနှင့် အဖော်ပါ အမျိုးသမီးမှ ထိုအမျိုးသမီးအား လက်ဆွဲ၍ ရုံးသို့ လိုက်ခဲ့ရန် ထပ်မံ ပြောဆိုပါတယ်။ ထိုအမျိုးသမီးမှ အသာတကြည် မလိုက်ဘဲ အတင်း ရုန်းကန် ရန်တွေ့ခြင်း၊ ထမီအား ချွတ်ချ လိုက်မည်ဟု ခြိမ်းခြောက် ပြောဆိုသည်ကို ကြားလိုက်တော့ ကျွန်မ အံ့သြ မိပါတယ်။ ရဲမေနှင့် အဖော် အမျိုးသမီး တို့မှ လက်တစ်ဖက်စီ ဆွဲချုပ်ပြီး ရဲရုံးဘက်သို့ ခေါ်ဆောင် သွားသည်ကို တွေ့လိုက်ရ ပါတယ်။ အခြား မည်သည့် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက် ရိုက်နှက် ထိုးကြိတ်ခဲ့ခြင်း မရှိခဲ့ပါ။ ကျွန်မ စိတ်ဝင်စား၍ ပတ်ဝန်းကျင်ကို မေးကြည့်တော့ ငွေလိမ်လည်မှု ကျူးလွန်သဖြင့် ရဲတပ်ဖွဲ့မှ တရားစွဲတင်ရန် အလိုရှိသော တရားခံ ဒေါ်ဝင်းဝင်းသန်း ဆိုသူ ဖြစ်ကြောင်း၊ တရားရုံး မှာလည်း အိမ်အပေါင် ခံပြီး ငွေမဆပ်လို့ အမှု ရင်ဆိုင်နေ ရကြောင်း သိရပါတယ်။




၎င်းကိစ္စအား ကျွန်မမှ မေ့မေ့လျော့လျော့ ရှိနေစဉ် News of Myeik အင်တာနက် စာမျက်နှာတွင် ထိုနေ့က တရားရုံးရှေ့၌ မြင်တွေ့ခဲ့ရသော ဖြစ်စဉ်အား ရဲတပ်ဖွဲ့အပေါ် အထင်အမြင် လွဲမှားစေရန် မှားယွင်းစွာ တင်ပြထား မှုကြောင့် အဖြစ်အပျက် တစ်ခုအား ဂဃနဏ သေချာစွာ မဆန်းစစ်ဘဲ တစ်ဖက် ပြောစကား အား ယုံမှန်ပြီး အမှန်တရား မဟုတ်ပဲ အမှားတရား များသာ ဖြစ်ကြောင်း သစ္စာဆို တင်ပြပါ ရစေ။ 

အမှန်တရားကို မြတ်နိုးလို့ မြိတ်သူ မြိတ်သားများ အမှန်တရား သိဖို့အတွက် အခုလို တင်ပြ လိုက်ရခြင်း ဖြစ် ပါတယ်။ အမှား တရားများ တင်ပြမှုအား တင်ပြသူရဲ့ မှန်ကန်တဲ့ ယုံကြည်ချက်၊ ခံယူချက်၊ မှတ်ကျောက် တင်နိုင်တဲ့ ကိုယ်ကျင့် တရား ၊ စိတ်နေ သဘောထား၊ ဂုဏ်သိက္ခာတို့ကို ညှိုးနွမ်း စေပါတယ်။ ဒ့ါအပြင် ပြည်သူ လူထုရဲ့ ယုံကြည် ကိုးစားမှုဆိုတဲ့ ရည်မှန်းချက်၊ လိုလားချက်များ သဲထဲ   ရေသွန် ဖြစ်သွားစေနိုင် ပါတယ်။ 

အမှန်တရားကို လိုလားသူ တစ်ဦး

0 comments: