Saturday, July 19, 2014

မြိတ် NLD မှ ဦးဆောင်၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ ( ၆၇ )နှစ်မြောက် အာဇာနည်နေ့  အခမ်းအနားကို မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ  ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တွင် ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၉)နာရီ အချိန်စတင် ကျင်းပပြုလုပ်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့စည်း) မြိတ်မြို့နယ် ၊ တောင်သူ လယ်သမားများ သမဂ္ဂ ( မြိတ်မြို့  နယ်) ၊  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( A.B.S.D.F ) (မြိတ်ဒေသ)မှ ရဲ ဘော်ဟောင်းများ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (မြိတ်) တို့နှင့် ပြည်သူလူထုများ စုစုပေါင်း (၄၀၀)ကျော်ခန့်  ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ရှေ့  လွမ်းသူ့ ပန်းခွေ ချပြီး အလေးပြု ကြသည်။


ထိုနောက် အာဇာနည်နေ့ အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပေးပို့သော သ၀ဏ်လွှာအား မြိတ် NLD ဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ဖတ်ကြားပြီးနောက် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ကြသည်။ နံနက် (၁၀)နာရီ (၃၇) မိနစ်အချိန်တွင် ဥသြဆွဲသံနှင့် ဂုဏ်ပြုခဲ့ကြသည်။




0 comments: