Thursday, July 31, 2014

မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင် ပန်းချီဆရာ မောင်ဇော်ဝင်းထွန်း သိသာစေရန် သတိပေးခြင်း



မြိတ်မြို့ နယ် ပန်းချီပန်းပု အစည်းအရုံး မြိတ်မြို နယ် ပန်းချီအစည်းအရုံးမှ မြိတ်သိမ်တော်ကြီး တွင် ခင်းကျင်းပြသမည့်  မှတ်တမ်းတင် သမိုင်း ပန်းချီကားများကို ရေးဆွဲခြင်း မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းရုံးမှ အစည်းအရုံးဝင် ပန်းချီဆရာများနှင့် မြိတ်ခရိုင်း ပြန်/ဆက်ရုံး တွင် (23.5.2014)ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပါသည်။



အစည်းအဝေးတွင် အများသဘောတူဆန္ဒအရ ပန်းချီကားရေးဆွဲနိုင်မည့် ပန်းချီဆရာများ၏ ဆန္ဒကိုခံယူရာ ပန်းချီဆရာ (၂၄)ဦးရှိသည့် အနက် (၁၇)ဦးမှ ပန်းချီကားရေးဆွဲရန် ဆန္ဒပြုကြပါသဖြင့် အောက်ပါ စည်းကမ်းချက်များနှင့်အညီ ရေးဆွဲကြရန် ဆုံးဖြတ်လိုက်ကြသည်။

 () ပန်းချီကားရေးဆွဲသည်သည် မိမိရေးဆွဲသည့် ပန်းချီကား၏ အကောင်းအဆိုးကိစ္စအ၀အ၀ကို မိမိကိုယ်တိုင် တာဝန်ယူဖြေရှင်းနိုင်ရမည်။
 
() ပန်းချီကားကို ခေတ်မီဆေးပစ္စည်းများဖြင့် အသုံးပြုရေးဆွဲရမည်။
 
() ဘောင်နှင့် ကင်းဘတ်စကို တစ်ပြေးညီ တစ်မျိုးတစ်စားတည်း အသုံးပြုရမည်။ (အတွင်း/အပြင် ကျွန်းသားဘောင်၊နိုင်ငံခြားကင်းဘတ်စ အကောင်းစား၊ (Acrylic) အခရိုင်းလစ်ဆေးဖြင့် ရေးဆွဲရမည်။

 ()ပန်းချီကားလက်ရာများ၏ အကောင်းအဆိုးအားလုံးကို အစည်းအရုံး၏ စိစစ်ရေးအဖွဲ့မှ စိစစ်ခြင်းကိုလက်ခံနိုင်ရမည်။
 
() ဂေါပကအဖွဲ့မှ ပန်းချီကားများကို လက်ခံရယူချိန်တွင် မကြိုက်မနှစ်သက်သည့် ပန်းချီကားကို အချိန်တိုအတွင်း ချက်ခြင်းပြန်လည်ပြုပြင် ရေးဆွဲပေးရန် (သို့) အခြား ပန်းချီဆရာတစ်ဦးဦးကို လွဲပြောင်းရေးဆွဲစေရမည်။

 () ပန်းချီကားများအား အပြီးသတ်ရေးဆွဲပြီးသည်အထိ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စိစစ်ရေးအဖွဲ့ မှ တာဝန်ယူဆောင်ရွက်ပေးရမည်။
 
အထက်ပါအကြောင်းအရာပါ စည်းကမ်းချက်များကို ရေးဆွဲသူများက တိကျစွာ လိုက်နာပါမည်ဟု ၀န်ခံကတိပြုကြ၍ ပန်းချီကားများအား စိစစ်ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ သို့ဖြစ်ပါ၍ ပန်းချီကားရေးဆွဲ သူသည် မိမိမည်သည့် အကြောင်းအရာ ပါသော ပန်းချီကားကို ရေးဆွဲရမည်ဟု မဲလိပ်ဆွဲစနစ်ဖြင့် ဆုံးဖြတ်ခဲ့ပါသည်။
 
အသင်းဝင် ပန်းချီဆရား (၁ရ) ဦး ဖွဲစည်းကာ သဘောတူ ရေးဆွဲခဲ့သည်မှာ ယခုဆိုနှင့် ပန်းချီကား၏ ထက်ဝက် ပြီးမြောက်လာပါ သဖြင့်၊ အသင်း စည်းကမ်းစည်းမျဉ်းနှင့် အညီ (ဇူလိုင်လ ၊၁၄ရက်၊ ၂၀၁၄)တွင် အဖွဲ့ မှ ကြီးကြပ် စီစစ်ခဲ့ရာ လက်ရာ မမှီသော ပန်းချီ ပုံတူများကို ပယ်ပျက်ခဲ့ပါသည်။ ပယ်ပျက်ခံရသော ပန်းချီဆရာ (၁၀) ဦ၏ ပန်းချီကားများကို သိမ်းစည်း၍ ပြန်လည်ရေးဆွဲရမည့် ဖြစ်သောကြောင့် အသင်းမှ ကြီးကြပ်စီစဉ်မှုများပြုလုပ်ခဲ့ ပါသည့်။
 
အသင်း၏ စာချုပ်ပါ စည်းကမ်းနှင့် ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်ကို မကျေနပ်သော ပန်းချီ မောင်ဇော်ထွန်းဝင်း မှ အင်တာနက်ပေါ်တွင် အသင်းကို စော်ကားသော စာသားများ ပန်းချီဆရာ ကြီးများ၏ အမည့်နာမ များကို ပုတ်ခတ်ကာ ရေးသားလာပါသဖြင့် နောင့်နောင် ဆက်လက် ပြုလုပ်လာလျှင် ဥပဒေ နှင့် အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး လိုက်ပါသည်။

မြိတ်မြို့နယ် ပန်းချီအစည်းအရုံးဝင်များ 

 ( အကောက်ပိုင်ရှင် ပန်းချီ မောင်ဇော်ထွန်းဝင်း၏ facebook အကောက် Mg win Email : mgwin1804@gmail.com February 12, 1976 Gender Male ကန်ဘောင်ရိုးရပ်၊ တွင် နေထိုင်ပါသည်။)

0 comments: