Saturday, July 26, 2014

ကျွန်းစုမြို့နယ် ကတန်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ

၂၀၁၄ ခုနှစ် ကျွန်းစုမြို့နယ် ကတန်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဇူလိုင်လ (၁၆) ရက်နေ့မှ (၂၃) ရက်နေ့ အထိ တနင်္သာရီရေတပ် စခန်း ဌာနချုပ်က ကြီးမှူး၍ ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျွန်းစုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ 



ထိုနောက် ဆုရရှိသော အသင်းများဖြစ်သည့် အမှတ်(၃) ရပ်ကွက် အသင်း အား ဆုငွေ ကျပ် (၁)သိန်း(၅)သောင်း၊ ဒုတိယ ဆုရရှိသော ကျန်းမာရေး  ဦးစီးဌာန အသင်းအား ဆုငွေ ကျပ်(၁)သိန်း၊ တတိယဆု ရရှိသော ကျောက်ကုန်း ကျေးရွာအသင်းအား ဆုငွေ ကျပ် (၅)သောင်းကို တနင်္သာရီရေတပ် စခန်း ဌာနချုပ် ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သတင်းရရှိသည်။

0 comments: