Tuesday, July 1, 2014

ကျွန်းစုမြို့နယ် ၀ဲကျွန်း ကျေးရွာ အနီး ကုန်တင်စက်လှေ တစ်စင်း နစ်မြှုပ်



၂၀၁၄ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ နံနက် (၁)နာရီ ခန့် အချိန်တွင် စည်သူအောင် အမည်ရှိ ကုန်တင်စက်လှေ တစ်စီးသည် ကော့သောင်းမှ တဆင့် မြိတ်မြို့သို့ ယိုးဒယား နိုင်ငံထုတ် သွင်းကုန်ပစ္စည်းများ တင်ဆောင်ပြီး ခုတ်မောင်းလာစဉ် ကျွန်းစု မြို့နယ် ၀ဲကျွန်းကျေးရွာ အနီး ရေပြင်၌ ရုတ်တရက် လေပြင်းတိုက်ခတ်လာသဖြင့် စက်လှေ လမ်းကြောင်းမှားပြီး ရေမြှုပ် ကျောက်ဆောင် တိုက်မိရာမှ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။ 


အဆိုပါ စက်လှေမှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နေ ဦးမျိုးမြင့်အောင် ပိုင်ဆိုင်သည့် စက်လှေဖြစ်ပြီး စက်လှေ လုပ်သား (၁၁) ဦး လိုက်ပါလာပြီး ပဲနင်းနှင့် လှေလုပ်သားများအားလုံး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

0 comments: