Friday, July 25, 2014

စကားများကြရာမှ ဦးလေးဖြစ်သူအား တူဖြစ်သူမှ ဓားဖြင့် ထိုးသတ်

ဦးလေးဖြစ်သူနှင့် တူဖြစ်သူတို့ အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ တူဖြစ်သူက  ဓားဖြင့်ထိုး၍ ဦးလေးဖြစ်သူ သေဆုံးမှု မြိတ်မြို့ ကန်ကြီးနယ်မြေ သာကေတ ရပ်ကွက်၌ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ည (၈)နာရီ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များ မြိတ်မြို့ ကန်ကြီးနယ်မြေ အုန်းတောရပ် သာကေတ (၄)လမ်းလေ ဦးရွှေလှိုင် အသက် (၅၂)နှစ်၊ (ဘ) ဦးမှတ်ကြီး သည် ၄င်း၏ မိခင်နေအိမ်၌ ရောက်ရှိနေစဉ် တူဖြစ်သူ ကန်ကြီးနယ်မြေ ၊ အုန်းတော ရပ်ကွက် သာကေတ (၅)လမ်းတွင် နေထိုင်သူ ကျော်မိုး(ခ) မောင်ကြည် ၊ အသက် (၄၂)နှစ်၊ (ဘ) ဦးသောင်းစိန် ရောက်ရှိလာပြီး စကားများကြရာမှ တူဖြစ်သူက  ဦးလေးဖြစ်သူ ဦးရွှေလှိုင်အား ၄င်းတွင် အသင့် ပါလာသော ငှက်ကြီးတောင်  ဓားဖြင့် ထိုးခဲ့သည်။

ထိုသို့ ဓားဖြင့် အထိုးခံရမှုကြောင့် ဦးရွှေလှိုင်တွင် ၀ဲဘက်နံကြား ထိုးသွင်းဒဏ်ရာ (၁)ချက်၊  ၀ဲဘက် လက်ဖျံ ပြတ်ရှ ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခံရာ ည (၁၀)နာရီ (၄၀) မိနစ်  အချိန်ခန့်တွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားဖြင့်  ဓားဖြင့် ထိုးသူ ကျော်မိုး(ခ) မောင်ကြည် အား မြိတ်မြို့မ ရဲစခန်းမှ (ပ)၅၀၇/၂၀၀၄၊ ပြစ်မှု ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments: