Monday, September 15, 2014

အလက(၂)မြိတ် (ဗရင်ဂျီကျောင်း) နှစ်(၅၀)ပြည့် ရွှေရတု မြတ်ဆရာ ပူဇော်ပွဲ ကျင်းပပြုလုပ်မည်



ချစ်သော သူငယ်ချင်းတို့ရေ …. ပြန်လည် ဆုံစည်းကြပါစို့ ….
အခုဆိုရင် အလက(၂)မြိတ် (ဗရင်ဂျီကျောင်း)ဟာ နှစ်ပေါင်း (၅၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တို့တစ်တွေ ဝေးကွာ ခဲ့ရတဲ့ အချိန်တွေဟာ ရက်ပေါင်းအားဖြင့် (၁၈၂၅၀) ရက် ကြာခဲ့ပါပြီ။
ပေါင်ပင်အောက်မှာ တို့တစ်တွေ ပျော်မြူးဆော့ကစားခဲ့တာလည်း ရက်ပေါင်း (၁၈၂၅၀) ကြာခဲ့ပြီပေါ့… သတိရနေတယ် သူငယ်ချင်းရေ …. 



အဲဒီ အချိန် နောက်ပိုင်းတွေ ဘ၀မှာ မုန်တိုင်းတွေနှင့် လောကဓံတရားတွေရဲ့ ရိုက်ခတ်မှုတွေကို ရင်ဆိုင် ဖြတ်သန်းရင်းနဲ့ တို့တစ်တွေဟာ မဆုံနိုင်ဖြစ်တာလည်း ကြာခဲ့ပါပြီလေ …. ။
လောကမှာ အစားထိုးလို့ မရတာ မိဘပြီးရင် အချိန်ဆိုတာ ဖြစ်ခဲ့ရင် ကျောင်းတော်ကြီးရဲ့ အရိပ်အောက်မှာ ပညာတွေ သင်ခဲ့တဲ့ အချိန်တွေ၊ ငယ်ဘ၀တွေရဲ့ အချိန်တွေက အစားထိုးလို့ မရတဲ့ အချိန်တွေပဲ ဖြစ်တယ် သူငယ်ချင်း။ ဒါ့ကြောင့် အခုလို အချိန်မှာ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် ပြန်လည် ဆုံစည်းကြဖို့ အားလုံးကို ခဏလောက် ပြန်ဆုံဖို့ ဖိတ်ခေါ်ပါတယ်။ ရပ်နီး ရပ်ဝေးမှ ကျောင်းသူ ကျောင်းသားဟောင်းများ အားလုံးနဲ့ ဆရာ၊ ဆရာမများ အားလုံးကို အလက(၂)မြိတ် (ဗရင်ဂျီကျောင်း)ရဲ့ မြတ်ဆရာ ပူဇော်ပွဲကို အရောက် လှမ်းခဲ့ပါလို့ ပြောပါရစေ။ အရင်တုန်းကလို သူငယ်ချင်းဟောင်းတွေ နှင့်အတူ ကျောင်းတော်ကြီးမှာ ပညာ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေ ပါဝင်ပြီး စုံစုံလင်လင်နဲ့ စောင့်ကြို နေမှာ ဖြစ်တဲ့ အပြင် အခြား အစီအစဉ် အခမ်းအနား တွေပါ ပါဝင်တဲ့ အတွက် အခု ကျင်းပပြုလုပ်မယ့် နှစ်(၅၀) ပြည့် ရွှေရတု မြတ်ဆရာ ပူဇော်ပွဲကို ပျော်ရွှင်စွာ ပြန်လည် ပါဝင် ဆင်နွဲ စေချင်ပါတယ်။ ကျင်းပပြုလုပ်မယ့် နေ့ကတော့ ၃၀-၁၁-၂၀၁၄ (တနင်္ဂနွေနေ့) ဖြစ်ပါတယ်။ 

အစီအစဉ် အသေးစိတ်နှင့် အချက်အလက်များ ၊ အလှူငွေများ ထည့်ဝင်နိုင်ရန် အတွက် အောက်ပါ ဖုန်းနံပတ်များ အတိုင်း ဆက်သွယ်မေးမြန်း နိုင်ပါတယ်။ 

(၁) ဦးအင်ဟို   (၀၉၅၆၄၀၉၉၉)
(၂) ဦးသန်းမြင့် (၀၉၈၇၆၀၄၈၃)
(၃) ဦးသန်းဌေး (၀၉၅၆၄၀၃၄၄)
(၄) ဦးဘိုင်ဇီ (၀၉၄၉၈၇၀၃၈၇)
(၅) ဒေါ်လှလှစီ (၀၉၄၉၉၀၂၀၂၁)
(၆) ဦးတင့်လွင် (၀၉၅၆၄၀၆၇၁)
(၇) ဦးနိုင်နိုင် (၀၉၅၁၇၉၉၄၅)

0 comments: