Sunday, September 28, 2014

မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ရွှေရတုရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်း အမှတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ရဲတပ်ဖွဲ့ဝင် များက စက်တင်ဘာလ(၂၈)ရက် နံနက်(၇)နာရီက မြိတ်မြို့ ပြည်သူ့ဆေးရုံ ကြီး၌ ပြည်သူ့ အကျိုးပြုလုပ်ငန်း အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။




ထို့သို့ ဆောင်ရွက်ရာတွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြိတ်မှုခင်းတပ်ဆွယ်မှ တပ်ဖွဲ့ဝင်များ၊ မြိတ်ရဲသတင်း တပ်ဖွဲ့ ၀င်များ၊ အမှတ်(၅၂) ယာဉ်ထိန်း တပ်ဖွဲ့စုရုံးမှ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၂)ဦးတို့မှ ပြည်သူ့ဆေးရုံ အရှေ့ဘက်နှင့် အနောက်ဘက် ဆေးရုံဝင်းများအား ချုံနွယ်များ၊ အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခြင်းအတွက် ဆေးရုံရှိ လူနာများ၊ ပတ်ဝန်းရှိအများပြည်သူများ အတွက် ခြင်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကျန်းမာရေးအရ တဖက်တလှမ်းမှ အကျိုးပြုသော လုပ်ငန်းဖြစ်တာ နှင့် အညီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်းအမှတ် အဖြစ်လည်း ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့သော တပ်ဖွဲ့ဝင်များအား မြိတ်ပြည်သူ့ဆေးရုံကြီး
ဆေးရုံအုပ် ဒေါက်တာကျော်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက အအေးနှင့် ရေသန့်ဗူး များဖြင့် ဧည့်ခံခဲ့ ကြောင်း သိရှိရသည်။ ဆက်လက်၍ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ နှစ်(၅၀)ပြည့် (ရွေရတု) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများကို မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးရှေ့ တွင်လည်းကောင်း၊ ဆိပ်ငယ်ရပ်ကွက် စည်ပင်သာယာ ဈေးကြီးရှေ့တွင် လည်းကောင်း၊ မြိတ်လေဆိပ်ရှေ့တွင် လည်းကောင်း တပ်ဖွဲ့ဝင်များက စိုက်ထူ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြိတ်ပြန်ဆက်

0 comments: