Thursday, September 18, 2014

မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေလျှံမှုကြောင့် ပလောက်မြို့ ပြည်ခြားကျေးရွာတွင် လမ်းမပေါ်ရေကျော်မှုဖြစ်ကာ နေအိမ်များရေနစ်မြုပ်

တနသာင်္ရီတိုင်းဒေသကြီး၊ ပလောက်မြို့နယ်၊ ပြည်ခြားကျေးရွာတွင် စက်တင်ဘာလ (၁၇)ရက် နံနက် (၇း၄၅)နာရီတွင် မြိတ်-ထားဝယ် ကားလမ်းမ မိုင်တိုင် အမှတ်(၇၉/၇)မှ(၈၀/၁)အကြား လမ်းမပေါ်ရေ ၃ပေခန့် မြှင့်တင့် လာမှုကြောင့် ရေကြီးရေကျော်မှုဖြစ်ပွားခဲ့ရာ မြိတ်-ထားဝယ် ခရီးသွားမော်တော်ယဉ်များ ခေတ္တ ရပ်တန့် မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။



အဆိုပါ ရေကြီးရေကျော်မှုမှာ လူနေအိမ်များ ပျက်စီးမှုမရှိပဲ အိမ်ခြေ(၁၂၀)ခန့် ရေ၀င်ရောက်မှုဖြစ်ပေါ် လာသဖြင့် အိမ်ထောင်စု(၅၀)ခန့်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းခန်းမတွင် လည်းကောင်း၊ အိမ်ထောင်စု(၃၀) ခန့်မှာ သင်းအုပ်ဆရာနေအိမ်တွင် လည်းကောင်း၊ အိမ်ထောင်စု(၄၀)ခန့်မှာ ကျေးရွာရှိ
ဆွေမျိုးများနေအိမ်တွင် လည်းကောင်း အသီးသီးပြောင်းရွေ့ နေထိုင်လျက်ရှိကြသည်။

ရေကြီးရေကျော်ဖြစ်ကြောင့် ဥယျာဉ်နှင့် လယ်ထဲတို့၌ မွေးမြူထားရှိသော ကျွဲကောင်ရေ(၃၀)ကျော်ခန့်၊ နွားကောင်ရေ(၁၅၀)ခန့်နှင့် အိမ်မွေးဝက်အကြီး(၈၀)ကောင်၊ အငယ်(၄၀)ကောင် ခန့် ဆုံးရှုံးသွားကြောင်းသိရပြီး ရေကြီး၍ လမ်းရေကျော်မှုကြောင့်
ခေတ္တရပ်နားထားရသော မော်တော်ယာဉ်များမှာ မွန်းတည့်(၁၂) နာရီ တွင် ဒေသခံပြည်သူများ၊ တပ်မတော်သားများမှ ကူညီဆောင်ရွက်ပေးမှုကြောင့် နေ့လည် (၁)နာရီခန့်တွင် မော်တော် ယာဉ်များအားလုံး ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: