တနသာင်္ရီတိုင်းဒေသကြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့ စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ကြီးမှူး၍ တပ်ဖွဲ့ဝင်၊ စာရေးနှင့် မိသားစုဝင်များကို အသည်းရောင် အသားဝါ (ဘီပိုး)ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းအား စက်တင်ဘာလ(၁၇)ရက် နံနက်(၈း၅၀)နာရီက မြိတ်မြို့ ခရိုင်ရဲအရန်တပ်ခွဲဝင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရောဂါကာကွယ်ဆေးကို တိုင်းဒေသကြီးရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးကော်မတီ ဥက္ကဌ ဒေါ်ဖြူထွေးငယ်က ဦးဆောင်ပြီး ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများမှ ကူညီ၍ မြိတ်ခရိုင်နှင့် မြိတ် မြို့နယ် ရဲတပ်ဖွဲ့ဝင်(၅)ဦး၊ အမျိုးသမီး(၁၇)ဦး၊ မွေးစမှအသက်(၄)နှစ် အထိကလေး(၄)ဦး၊ (၄)နှစ်မှ(၉)နှစ် အထိ ကလေး(၅)ဦး၊ (၉)နှစ်နှင့်အထက် ကလေး(၁၈)ဦး စုစုပေါင်း(၄၉)ဦးတို့အား အသည်းရောင် အသားဝါ (ဘီပိုး)ရောဂါ ကာကွယ် ဆေးများကို အခမဲ့ထိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
IPRD MYEIK












0 comments:
Post a Comment