Saturday, September 20, 2014

မြိတ်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်

၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့်(ရွေရတု) အထိမ်းအမှတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ လ(၁၉)ရက် နံနက်(၇)နာရီက မြိတ်မြို့ ကန်ခေါင်းရပ် ပြည်သူ့ဆေးရုံကြီး မိခင်နှင့်ကလေးကုသဆောင်၌ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး နှင့် ရဲတပ်ဖွဲ့ဝင်အင်အား (၅၀)ဦး တို့မှ ပြည်သူ့ဆေးရုံ အပြင်ဘက်နှင့် ဆေးရုံဝင်းများအား သန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းအတွက် ဆေးရုံရှိ လူနာများ၊ ပတ်ဝန်းရှိ အများပြည်သူများအတွက် ခြင်အန္တရာယ် ကင်းရှင်း စေရေးနှင့် ကျန်းမာရေးအရ တဖက် တလှမ်းမှ အကျိုးပြုသော လုပ်ငန်းဖြစ်တာနှင့် အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့်  (ရွေရတု) အထိမ်းအမှတ် အဖြစ်လည်း ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူပင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ကြီးကြပ်လျက်မြို့နယ် ရဲတပ်ဖွဲ့ဝင် များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၇)နာရီအချိန်က တနင်္သာရီမြို့- အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်းရေစီးရေလာကောင်း၍ ခြင်မ၀ပ်စေရေးနှင့် ကျောင်းဥပတိရုပ်
 ကောင်းမွန်သန့်ရှင်းစေရေး၊ ကျန်းမာရေး အထောက်အကူပြုနိုင်ရေး တို့အတွက် သစ်ရွက်ဆွေး များ ပြည့်နှက်နေ သည့် ရေနှုတ်မြောင်း တူးဖော်ခြင်း၊ မြက်ခင်းပြင်ခုတ်ထွင်ခြင်းနှင့်
ကျောင်းဝန်းကျင် သန့်ရှင်းရေး ပြည်သူ အကျိုးပြုလုပ်ငန်းများ
စုပေါင်း ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: