Tuesday, September 9, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြဘုရားပုံတူ ကိုယ်ပွားတော်အား ကျွန်းစုမြို့ ထိန်းချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မရုံ၌ ပင့်ဆောင် ပူဇော်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္ကလူကျေးရွာ အုပ်စု ထိန်ချောင်းကျေးရွာရှိ အောင်တော်မူ သာသနာ့ရိပ်သာ ကျောင်းတိုက် ဇေယျာသီရိ ဓမ္မာရုံတွင် ပူဇော်မည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြဘုရား ပုံတူ ကိုယ်ပွားတော် သည် ကျွန်းစုမြို့တွင်း စက်တင်ဘာလ (၆) ရက်နေ့ (တော်သလင်းလဆန်း ၁၃) ရက် နေ့လည်ပိုင်းတွင် ကျွန်းစုမြို့နယ် အတွင်း လှည့်လည် အပူဇော်ခံပြီးနောက် စက်တင်ဘာလ (၇) ရက်နေ့ (တော်လလင်း လဆန်း ၁၄) ရက်နေ့ နံနက်ပိုင်းတွင် မြဘုရားပုံတူ ရုပ်ပွားတော်မြတ်အား ဆရာတော် သံဃာတော် (၁၈)ပါးဖြင့် အနေကဇာတင် ပူဇော်ကြပြီးနောက် ဆရာတော် သံဃာတော် များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်း ကြသည်။ 



 
အဆိုပါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ  မြဘုရားပုံတူ ကိုယ်ပွားတော် အနေကဇာ တင်လှူပွဲနှင့် အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပွဲသို့ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့် ဇနီးတို့မှ ဦးဆောင်၍ အရာရှိ ၊ စစ်သည်များ၊ ကျေးရွာသူ ကျေးရွာသားများ ၊ အလှူရှင်များ တက်ရောက် ကြည်ညို လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။ 



0 comments: