Wednesday, March 27, 2013

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ၊ တပ်မတော် (ကြည်း)၊ (လေ)နှင့် နိုင်ငံရေး ပါတီများ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင် သမိုင်းကြောင်းများ အရ နယ်မြေ အေးချမ်း တည်ငြိမ်ခြင်းးနှင့် ဘာသာ လူမျိုး မခွဲခြားသော မြိတ်သား အဖြစ် ခံယူက အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိခြင်းဆိုသည့် ဂုဏ်ဒြပ်များဖြင့် ဂုဏ်သတင်း ကျော်ဇော ခဲ့သော မြို့ ဖြစ်ပါသည်။ ယခု လက်ရှိ အချိန်ကာလတွင်လည်း မြိတ်မြို့သူ မြို့သား အားလုံးသည် ယခင် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းလျက် နယ်မြေ အေးချမ်းသာယာ တည်ငြိမ်မှုကို လိုလားချက် သိရှိရသည်။

 

ယခုလက်ရှိ (၂၇-၃-၂၀၁၃) ရက်နေ့ အခြေအနေတွင်  မြန်မာနိုင်ငံရှိ အခြား မြို့များတွင် မည်သို့ပင် ဖြစ်စေကာမူ မြိတ်မြို့တွင် ဗုဒ္ဓဘာသာ ၀င်များသည်လည်း ဗုဒ္ဓဘာသာ အလျောက် အခါကြီး နေ့ကြီး ရက်များ ဖြစ်သည့် တပေါင်း လပြည့်နေ့ အခါသမယတွင် မြိတ်မြို့ လေးကျွန်း ဆီမီး စေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပခြင်း၊ သံယာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်း၊ လှူဖွယ် ၀ထ္ထု ပစ္စည်းများ လှူဒါန်းခြင်း တို့ကို အေးချမ်းပျော်ရွှင်စွာ နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာ ကုသိုလ်ယူ ဒါနပြုခဲ့ပြီး ဖြစ်ပါသည်။ 

ထို့နည်းတူစွာပင်  အစ္စလာမ်ဘာသာ ဘာသာဝင်များသည်သည် ပုံမှန်ပြုလုပ်မြဲ ဖြစ်သည့် တစ်နေ့ (၅)ကြိမ် ဗလီတက် ၀တ်ပြုခြင်း၊ ပုံမှန် ဆက်ဆံသွားလာခြင်း၊ တို့ဖြင့် ဆောင်ရွက်လျက် ရှိသည်ကို မတ်လ (၂၇) ရက်နေ့ ညပိုင်း (၉) နာရီကျော်အထိ မြင်တွေ့နေရပါသည်။ 

သို့သော်လည်း မြိတ်မြို့ အေးချမ်းတည်ငြိမ်မှုကို မလိုလားသည့် အဖျက်မမှောက် သမားများသည် ဗုဒ္ဓဘာသာ ၀င်များနှင့် အစ္စလာမ် ဘာသာဝင်များ ပြသနာ ဖြစ်ပွားသည့် သယောင်ယောင် ကောလာဟလများ ထုတ်လွှင့်ခြင်း၊ အင်တာနက် ၊ အွန်လိုင်း မီဒီယာများမှ တဆင့် မဟုတ်မမှန် သတင်းများ ဖြန့်ဝေခြင်း ပြလုပ်ဆောင်ရွက်သည်ကို သိရသည်။

သို့ဖြစ်ပါ၍ မြိတ်မြို့သူ မြို့သားများ အနေဖြင့် ကောလာဟလ သတင်းများ ၊ အွန်လိုင်း မီဒီယာများမှ သွေးထိုးမှုများ၊ ကောလာဟလများအား ယုံကြည်ခြင်း မပြုပါရန်နှင့် မြိတ်မြို့ တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော်(ကြည်း) ၊ တပ်မတော်(လေ) တို့မှ တပ်မတော်သားများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ အစ္စလာမ် ဘာသာဝင် များ ၊ ဗုဒ္ဓဘာသာ ၀င်များ။ သံဃာမဟာ နာယက ဆရာတော်ကြီးများ ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီ အသီးသီးမှ ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါသဖြင့်   နှလုံး စိတ်ဝမ်း အေးချမ်းစွာ ပုံမှန် အတိုင်း သွားလာ လှုပ်ရှား၍ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်းနှင့် သွေးထိုးလှုံ့ဆော်မှုများ၊ မသင်္ကာစရာများ တွေ့ရှိပါက အောက်ဖော်ပြပြ ဖုန်းနံပတ်များအား အသိပေး အကြောင်းကြား နိုင်ပါကြောင်း သတင်း ရရှိပါသည်။

ဆက်သွယ်ရန် ဖုန်းနံပတ်များ
မြို့မရဲတပ်ဖွဲ့စခန်း        -         ၀၅၉ - ၄၁၀၀၉
မြို့နယ်အုပ်ချုပ်ရေးမှူးရုံး -         ၀၅၉ - ၄၁၀၉၉
ခရိုင်အုပ်ချုပ်ရေးမှူးရုံး    -         ၀၅၉ - ၄၁၀၁၃

0 comments: