Monday, March 25, 2013

မြိတ်မြို့ နောက်လယ် (၆)လမ်း - အိုးလုပ်ပြင် ဘုရားကိုင် ချောင်းကူး တံတား ကျပ် သိန်း (၂၇၀) အကုန် အကျခံ ပြုပြင်မည်


မြိတ်မြို့ နောက်လယ် ရပ်ကွက် (၆)လမ်းနှင့် မြိတ်တောင် နယ်မြေ အိုးလုပ်ပြင် ရပ်ကွက်သို့ ဆက်သွယ် ထားသည့် နောက်လယ် (၆)လမ်း တံတားသည် ယက်မ၊ တိုင်နှင့် ကြမ်းခင်းများ ဆွေးမြေ့ ပျက်စီးနေသဖြင့် အခု အချိန်တွင် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခွင့် မရှိပဲ ဆိုင်ကယ်များသာ ဖြတ်သန်း ခွင့်ပြု ထားသဖြင့် ကုန်စည် စီးဆင်းမှု အခက်အခဲ ဖြစ်ပေါ်ခြင်း၊ အခြား လမ်းများမှ ကွေ့ပတ် သွားလာ နေရသဖြင့် ကုန်ကျစရိတ် များခြင်း တို့ ဖြစ်ပေါ် နေသဖြင့် အမြန်ဆုံး ပြုပြင်ပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်က တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ပြည်သူတို့ ကိုယ်စား တင်ပြ တောင်းဆိုမှု အပေါ် အဆိုပါ တံတားအား ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်း (၂၇၀) အကုန် ကျခံပြီး ပြုပြင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့၏ ပြန်ကြားစာ အရ သိရှိရသည်။

အဆိုပါ ဘုရားကိုင် ချောင်းကူး (၆)လမ်း - အိုးလုပ်ပြင် တံတားသည် အရှည်ပေ (၂၂၀)ပေ၊ အကျယ် (၁၈) ပေ ရှိပြီး ၂၀၀၄ ခုနှစ်တွင် အလှူရှင်များ စုပေါင်း တည်ဆောက်ထားသော တံတား တစ်စင်း ဖြစ်ကြောင်း သိရသည်။ ယခု အချိန်တွင် တံတား ယက်မ၊ တိုင်၊ ကြမ်းခင်းများ ဆွေးမြေ့နေပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာရန် အန္တရာယ် ဖြစ်ပေါ် နေသဖြင့် ဆိုင်ကယ် များသာ သွားလာ ခွင့်ပြုထားကြောင်း သိရှိရသည်။ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် ထိုတံတားအား (၉၅) ပေခန့်အား အသစ် ပြုပြင်ပြီး ကျန်အပိုင်း များမှ ဆွေးမြေ့ ပျက်စီးနေသည့် အခင်း၊ ယက်မ များ ၊ တိုင်များ လှဲလှယ်ခြင်းကို ကျပ်သိန်း (၂၇၀) ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပျက်စီးနေသော မြိတ်မြို့ နောက်လယ် ရပ်ကွက်ရှိ (၆) လမ်း တံတား
 



1 comments:

Unknown said...

တံတါးကိုပြုပြင်သင့်နေတာကြာပါပြီ ဘယ်သူမှလည်းပြုပြင်ခြင်း ထိမ်းသိမ်းခြင်းမရှိပါ တံတါးပေါ်တွင်ငါးခြင်း တင် ချလုပ်တာများပြီး ရံဖန် ရံခါဆိုရင်လမ်းပိတ်ပြီး သုံးဘီးဆိုင်ကယ်တွေနှင့်ငါးတင်သမားတွေများတယ် ဝိုင်းဝန်းထိမ်း သိမ်းသင့်ပါတယ်