Monday, March 25, 2013

နယ်နိမိတ် မဖြေရှင်း နိုင်သေးသဖြင့် မောတောင် နယ်စပ်ဂိတ် ဖွင့်ရန် ရွှေ့ဆိုင်း


မြန်မာ - ထိုင်းနယ်စပ် ပိုင်နက် ကိစ္စ ဖြေရှင်းရန် ကျန်ရှိနေသေး သောကြောင့် တနင်္သာရီတိုင်း ဒေသကြီး မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်မည့်ရက်ကို အကန့် အသတ် မရှိရွှေ့ဆိုင်း လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ 

 

မူလက လာမည့်ဧပြီလ ၁ ရက် နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော ယင်းနယ်စပ်ဂိတ်ကို မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ် ကိစ္စများ ဖြေရှင်းရန် ကျန်ရှိနေသေးသည့် အတွက် ဖွင့်လှစ်ရန် ကြန့်ကြာဦး ဖြစ်ပြီး ယင်းကုန်သွယ်ရေး စခန်း ဖွင့်လှစ်မည့် ရက်ကို အတိအကျ ပြောရန် ခက်ခဲကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။
''မောတောင်က ဖွင့်ဖို့အတွက် ကျွန်တော်တို့ဘက်က အသင့်ပါ။ သူတို့က ဒီနေ့ဖွင့်ပဲ ဆိုဆို၊ မနက်ဖြန် ဖွင့်ပဲ ပြောပြော ဖွင့်ဖို့ အသင့် ဖြစ်နေပါပြီ''ဟု ၎င်းက ဆိုသည်။

မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် တွင် အသစ်ဖွင့်လှစ်ရန် စီစဉ်ထားသည့် နယ်စပ် ကုန်သွယ်ရေး စခန်း အခိျု့၏ ပိုင်နက်အတွင်း ထိုင်းနိုင်ငံ၏ ရှေ့တန်း တပ်စခန်း အခိျု့သည် ရောက်ရှိ နေခြင်းကြောင့် ယင်းပြဿနာ များကို ဖြေရှင်း ပြီးမှသာ ကုန်သွယ်ရေး ကိစ္စရပ် များကို ဆက်လက် လုပ်ဆောင်နိုင် နယ်နိမိတ် မဖြေရှင်း နိုင်သေးသဖြင့် မောတောင်နယ်စပ် ဂိတ်ဖွင့်ရန် ရွှေ့ဆိုင်း မည်ဖြစ်ကြောင်း နယ်စပ် ကုန်ကွယ်ရေး ဦးစီးဌာန ပို့ကုန်မြှင့်တင်ရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်သည် နှစ်ပေါင်းများစွာ ကပင် လက်နက်ကိုင် အဖွဲ့ များစွာနှင့် အတိုက်အခံ များစွာ ခိုအောင်းရာ ဖြစ်သောကြောင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ဆောင်ရာတွင် ခက်ခဲ လျက်ရှိပြီး မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသည့် ထိုင်း-မြန်မာ နယ်နိမိတ်တွင် နှစ်နိုင်ငံ သဘောတူထားသည့် နယ်နိမိတ်သည် ၃၆ မိုင်သာရှိရာ ကျန်နယ်နိမိတ်များမှာ ဆက်လက် ညှိနှိုင်းဆဲသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မြိတ်-မောတောင် လမ်းသစ်ပြီးပါက မြိတ်ဒေသ ထွက်ကုန်များ ကို ထိုင်းနိုင်ငံသို့ ကုန်းလမ်းဖြင့် တိုက်ရိုက် တင်ပို့လာ နိုင်မည်ဖြစ်၍ ယင်းနယ်စပ် ကုန်သွယ်ရေး စခန်းမှာ အရေးပါလာနိုင် သည်ဟု မြိတ်မြို့ ဒေသခံ ကုန်သည် ဦးကျောက်စိမ်းက ဆိုသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း တည်ရှိသော မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ပြီးပါက အချိန် ခြောက်နာရီခန့် သွားခဲ့ရသော ထိုင်းနိုင်ငံသို့ အသစ်ဖောက်လုပ်မည့် မိုင်ပေါင်း ၁၂၀ ရှည်လျားသော မြိတ်- မောတောင်လမ်းမှ တစ်ဆင့် သုံးနာရီ အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည့်အတွက် ပင်လယ် လမ်းကြောင်း ကို အသုံး မပြုဘဲ ကုန်သွယ်နိုင်မည် ဖြစ်သည်။

ရည်ညွှန်း - The Voice Weekly

0 comments: