Friday, March 22, 2013

မြိတ်မြို့၌ လျှပ်စစ် အန္တရာယ် ကင်းဝေးရေး လျှပ်စစ်မီးကြိုး အသစ်လဲလှယ် တပ်ဆင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ပေါ် ရပ်ကွက်နေ ပြည်သူများ လျှပ်စစ် ဓာတ်အား လျော့နည်း ပျောက်ဆုံးမှု မရှိစေရေးနှင့် လျှပ်စစ် အန္တရာယ် ကင်းဝေးရန် အတွက် ပင်မ လျှပ်စစ် ကြိုးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ပင်မကြိုးလိုင်းမှ နေအိမ်များသို့ သွယ်တန်း ထားသည့် လျှပ်စစ် မီးကြိုးဟောင်းများ အသစ်ပြန်လည် လဲလှယ် တပ်ဆင် သွယ်တန်းခြင်း လုပ်ငန်းများ အပြင် ဟောင်းနွမ်းဆွေးမြည့် နေသည့် သစ်သား ဓာတ်မီး တိုင်နှင့် သံဓာတ်မီး တိုင်များအစား ကွန်ကရစ် လျှပ်စစ် မီးတိုင်များ စိုက်ထူခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေပုန်းရပ်ကွက် စပါးရွှေဝါ လမ်းတစ်လျှောက်၌ ကွန်ကရစ် လျှပ်စစ် မီးတိုင် ၃၇ တိုင် စိုက်ထူပြီး လျှပ်စစ်မီးကြိုး အသစ်လဲလှယ် တပ်ဆင်ခြင်း လုပ်ငန်းများ ကို မတ် ၁၉ ရက်က မြို့နယ် လျှပ်စစ်ရုံး လျှပ်စစ် ကျွမ်းကျင် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


0 comments: