Friday, March 22, 2013

မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၂)ဆင်းပွဲ ကျင်းပ


နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀ လုံခြုံမှုရှိရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာ များ တတ်မြောက် စေရေး၊ တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် အသက်မွေး ၀မ်းကြောင်းပြုပြီး မိသားစု စီးပွား ရေးဘ၀ တိုးတက် မြင့်မားစေရေး အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၃၃) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၂) ဆင်းပွဲ အခမ်းအနားကို မတ်လ(၂၂)ရက် နံနက်(၇း၃၀) နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းကျောင်း  ကျောင်းအုပ် ဒေါ်ယုယုကြည်က သင်တန်းနှင့် ပတ်သက်၌ အစီရင်ခံတင်ပြသည်။ ဆက်လက်၍ သင်တန်း ထူးချွန်ဆုရရှိသူများအား တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးမှ ပေးအပ်ချီးမြင့်သည်။ ထိုနောက် သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။

အခမ်းအနား အပြီးတွင် တက်ရောက်လာ ကြသူများက သင်တန်းဆင်း ကျောင်းသူများ၏ လက်ရာများကို ကြည့်ရှု အားပေး ကြသည်။ အဆိုပါ သင်တန်းကို  သင်တန်းသူ (၅၅)ဦး တက်ရောက် ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ(၁၄)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။ 

သတင်းနှင့် ဓာတ်ပုံ - မြိတ်ခရိုင် ပြန်/ဆက်       



0 comments: