Sunday, March 17, 2013

နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရွေးချယ်ရေး မြိတ်မြို့တွင် သတ်မှတ်ချက်နှင့် အညီ စစ်ဆေး

နိုင်ငံတော် သမ္မတ၏ စွမ်းဆောင်ရည် ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေး ကော်မတီ မြို့ပြ ကျေးရွာအဆင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် သည် မတ် (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိလာပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာတွင် ပဏာမဆု ရွေးချယ်ရေးအဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။ 


ထိုနောက် စိစစ်ရေး ဥက္ကဋ္ဌ ဒုတိယ၀န်ကြီးသည် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်၏ ငါး၊ ပုစွန် တန် ၁၀၀၀ အအေးခန်း စက်ရုံ၊ ဂဏန်းပျော့နှင့် ကျောက်ငါး မွေးမြူရေး စခန်း၊ ငါးအမှုန့်ကြိတ်စက်၊ သစ်အချောထည် စက်ရုံ၊ သစ်ခွဲစက် လုပ်ငန်း၊ မြေပေါ် လွန်းကျင်းနှင့် ရေလုံ လွန်းကျင်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အမှတ်ပေးဇယားနှင့် အညီ ရွေးချယ် ထားမှုအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: