Wednesday, March 27, 2013

မြိတ်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် နိုးဆော်ချက်



တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင် သမိုင်းကြောင်းများ အရ နယ်မြေ အေးချမ်း တည်ငြိမ်ချင်းနှင့် ဘာသာ လူမျိုး မခွဲခြားသော မြိတ်သား အဖြစ် ခံယူက အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိခြင်းဆိုသည့် ဂုဏ်ဒြပ်များဖြင့် ဂုဏ်သတင်း ကျော်ဇော ခဲ့သော မြို့ ဖြစ်ပါသည်။ 

 
ယခု လက်ရှိ အချိန်ကာလတွင်လည်း မြိတ်မြို့သူ မြို့သား အားလုံးသည် ယခင် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းလျက် နယ်မြေ အေးချမ်းသာယာ တည်ငြိမ်မှုကို လိုလားချက် ရှိကြပါသည်။
သို့သော် အဖျက် အမှောင့် နှင့် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အနည်းငယ်သော စုန်းပြူး အချို့မှ ပြည်သူ အထိန့်တလန့် ဖြစ်စေသည့် ထင်ယောင် ထင်မှား ကောလာဟလ သတင်းများ လွှင့်ထုတ် ဖန်တီးမှု များအပေါ် မြိတ်မြို့သူ မြို့သားများမှ မလိုလား မယုံကြည်သည့် အပြင် လှုံ့ဆော်သူများအား ဖော်ထုတ် လိုသော ဆန္ဒများ ပြင်းပြလျက် ရှိပါသည်။
သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ မှလည်း ပြည်သူတို့ထံမှ သတင်းရယူ၍ လှုံ့ဆော်သူများအား ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန် စိစစ် ဆောင်ရွက်လျက် ရှိသဖြင့် အေးချမ်း တည်ငြိမ်မှုကို လိုလားသော ပြည်သူများမှ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ သတင်းပေးခြင်း အားဖြင့် ကူညီမှသာ မြိတ်မြို့၏ အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်း နိုင်မည် ဖြစ်ပါကြောင်း နိုးဆော်အပ် ပါသည်။

2 comments:

Unknown said...

အဖျက်အမှောက်လုပ်လိုသူများနှင့်တည်ငြိမ်အေးချမ်းမှုကိုအနှောက်အယှက်ပြုသူများ လူမျိုးရေးပဠိပက်ခကိုလှုံ့ဆော်သူများအားဝိုင်းဝန်းဖော်ထုတ်ပြီး သက်ဆိုင်ရာကိုသတင်းပေးပို့ကြပါ

Unknown said...

မြိတ်မြို့၏တည်ငြိမ်အေးချမ်းမှုကိုအနှောက်အယှက်ပြုသူများ အဖျက်သမားများ လှုံ့ဆော်သူများ အားကိုယ်စီအသိစိတ်ဓါတ်ဖြင့် ဖော်ထုတ်သွားကြရန်နှင့် ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများထံသို့ အချိန်မှီသတင်းပေးပို့ကြ ပါ

မြိတ်မြို့အေးချမ်းတည်ငြိမ်သာယာနိုင်ပါစေ