Wednesday, March 27, 2013

မြိတ်မြို့  လေးကျွန်းဆီမီးစေတီတော်ကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရွှေစင်ရွှေပြား ရွှေဆိုင်း အလှူတော် ရေစက်ချ မင်္ဂလာ အခမ်းအနား ကျင်းပ

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရွှေစင်ရွှေပြား ရွှေဆိုင်းအလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဗုဒ္ဓသာသနာ့ ဗိမာန်တော်၌ မတ် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် သြ၀ါဒစရိယ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေးနှင့် ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တပ်မတော် အရာရှိကြီးများ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့ မိမြို့ ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် လေးကျွန်းဆီမီး စေတီတော်ကြီး ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တက်ရောက် လာကြသူများက နမောတဿ ဗုဒ္ဓပနာမ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထိုနောက် တက်ရောက် လာကြသူများက တနင်္သာရီ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော် ထံမှ ကိုးပါးသီလ ခံယူစောင့်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ထံမှ ပရိတ်တရား တော်များ နာယူကြသည်။

ယင်းနောက် ဘုရားဒါယကာ၊ ဒါယိကာမများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ၀တ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော် သြ၀ါဒစရိယ အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ လေးကျွန်း ဆီမီးစေတီတော်ကြီးမြတ်ကြီးအား လုံးတော်ပြည့် ရွှေစင် (၃)ကျပ်(၄)ပြား၊ ရွှေဆိုင်း (၂၃၇၂)ဆိုင်း ကပ်လှူပူဇော် အလှူတော်အား အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေကာ ရေစက်ချ မင်္ဂလာအခမ်း အနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်သည်။ အခမ်း အနားအပြီးတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး ဧည့်ပရိတ် သတ် အပေါင်းတို့ အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သတင်း ရရှိသည်။


0 comments: