Friday, March 29, 2013

မြိတ်မြို့၌ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (မြိတ်ဘဏ်ခွဲ)ဖွင့်လှစ်



အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (မြိတ်ဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၈)ရက် နံနက် (၉း၃၈)နာရီတွင် အဆိုပါ ဘဏ်ရှေ့၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ပြည်ဖြိုးထွန်း ကုပ္မဏီ ဒါရိုက်တာ ဦးလှသန်းနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဥက္ကဌ ဦးသန်းရီ တို့မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (မြိတ်ဘဏ်ခွဲ)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

ယင်းနောက် ဘဏ်ဖွင့်ပွဲ တက် ရောက်လာကြသူများက ဘဏ်အတွင်း လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။


0 comments: