Friday, March 8, 2013

အသေးစားချေးငွေ ချေးယူ ထားသူများ၏ စုဆောင်းငွေ ထုတ်ပေး


မြိတ်မြို့ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီမှ အသေးစား ချေးငွေ ချေးထားသူများအား စုဆောင်းငွေ များ ထုတ်ပေးခြင်း အခမ်းအနားကို မတ်လ(၆) ရက် နေ့လည်(၂)နာရီတွင် ပုလဲရတနာ ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အသေးစား ချေးငွေ ချေးယူထား သူများအား စုဆောင်းငွေများ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထိုနောက် မြိတ်မြို့၊ ဆိပ်ငယ် ဈေးကြီးမှ အသေးစား ချေးငွေ ချေးယူထားသူ (၁၄၀)ဦးအတွက် စုဆောင်းငွေ (၂၆၇၉၀၀၀ိ/)နှင့် 
 -

မြိတ်မြို့၊ သီရိ မင်္ဂလာဈေးမှ အသေးစားချေးငွေ ချေးယူထားသူ (၁၂၀)ဦး အတွက် စုဆောင်းငွေ (၂၂၉၀၀၀၀ိ/) ကို မြိတ်မြို့နယ် ဆင်းရဲမှု လျော့ချရေး လုပ်ငန်း ကော်မတီဝင်များက အသီးသီး ပေးအပ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။

ကိုခိုင်ထူး မှ သတင်းပေးပို့ပါသည်။

0 comments: