Sunday, March 17, 2013

တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာ အုပ်စု ပျို့အိုင်ကျေးရွာ အနီး၌ တောမီးလောင် ကျွမ်းမှုဖြစ်ပွား

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အုပ်စု ညောင်ပင်ကွင်းကျေးရွာ၏ အရှေ့တောင်ဘက် (၂)မိုင်ခန့် အကွာ စိန်ဟန်တောင် အနီး ကိုင်းတောတွင် မတ်လ(၁၅)ရက် နေ့လည် ၃း၃၀ နာရီခန့်တွင် တောမီး လောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ပျို့အိုင်ကျေးရွာနေ ဦးဒိုင်ဘင် ပိုင် သီဟိုခြံ(၅)ဧကခန့်၊ ဦးထွန်းစိုး ပိုင် သီဟိုခြံ(၅)ဧကခန့်၊ ကိုဌေး ပိုင် ရာဘာခြံ(၄)ဧကခန့် ၊ ကိုခင်မောင်ထွန်း ပိုင် ရာဘာခြံ(၅) ဧကခန့် တောမီးလောင် ကျွမ်းခဲ့ပြီး မီးလောင် ကျွမ်းသည့် ခန့်မှန်းဆုံးရှုံးမှု စုစုပေါင်း တန်ဖိုးမှာ (၄၀၇)သိန်းခန့် ဆုံးရှုံးခဲ့ပြီး ည(၉း၃၀) နာရီတွင် တောမီးငြိမ်းခဲ့ သွားသည်။

အဆိုပါတောမီး အား တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ပင်ကွင်းကျေးရွာ ပြည်သူ့စစ်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ ကျေးရွာသားတို့ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: