Monday, March 4, 2013

မြိတ်စက်မှုဇုန် ရေနက်ဆိပ်ကမ်းသတင်းကြောင့် နေအိမ်နှင့်မြေကွက်များ ဈေးတက်

 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကြေးမုံ သတင်းစာပါ ကန်ဒေါ်လာ သန်း ၄၄၄၀ တန် စက်မှုဇုန် မြိတ်ရေနက် ဆိပ်ကမ်း တည်ဆောက်မည်ဟု သတင်းတစ်ပုဒ်ကြောင့် မြိတ်မြို့တွင် နေအိမ်နှင့် မြေဈေးများ တစ်ဆကျော် မြှင့်တက်သွားကြောင်း သိရှိရသည်။ အထူးသဖြင့် မြိတ်မြို့ စက်မှုဇုန်နှင့် ဆက်စပ်လျက် ရှိသည့် မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက် ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်၊ ရာပြည့်ရပ်ကွက်၊ ရွှေပြည်တန်ရပ်ကွက်တို့နှင့် တောထွင်ကြီး ကျေးရွာ၊ ပြင်းငယ် ကျေးရွာတို့တွင် နေအိမ်နှင့်   မြေဈေးများ မြှင့်တက်လျက် ရှိသည်။

““ ယခင် (၁) လပိုင်းက ရွှေပြည်တန် ရပ်ကွက်ထဲက မြေကွက်လပ်တစ်ခုကို ဈေးသွားမေးတယ်။ အဲဒီတုန်းက (၁၃) သိန်းလောက်ခေါ်တယ်။ အခု ထပ်ပြီး သွားမေးတော့ (၂၃) သိန်းလောက် ဈေးခေါ်နေတယ်။ မေးကြည့်တော့ ရေနက် ဆိပ်ကမ်း တည်ဆောက်မယ် ဆိုလို့ ဈေးတက်သွားတာလို့ သိရတယ်ဟု … မြေကွက် ၀ယ်ယူ သူ တစ်ဦး က ပြောပြခဲ့သည်။

အဆိုပါ မြိတ်စက်မှုဇုန် ရေနက် ဆိပ်ကမ်းကို ထားဝယ်ရေနက် ဆိပ်ကမ်း ပုံစံ အတိုင်း မြိတ်မြို့ စက်မှုဇုန်နှင့် ယောကြီးဝချောင်း တစ်ဘက်ကမ်း ပြင်းငယ်ဒေသ ကမ်းနားတစ်ဝိုက်တွင် မလေးရှား ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အများပိုင် ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာ သန်း (၄၄၀၀) ကျော် အကုန်ကျခံပြီး ၂၀၁၃- ၂၀၁၄ ခုနှစ် တွင် အကောင်အထည် ဖော်သွားမည်ဟု စပယ် အမည်ခံထားသော သတင်းရေးသားသူက ဖော်ပြထားသည်။

သို့သော်လည်း ထိုစီမံကိန်းအတွက် တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရ၊ တိုင်းဒေသကြီး အစိုးရ တို့နှင့် နားလည်မှု စာချွန်လွှာ (MOU ) ရေးထိုးထားခြင်း မရှိသေးကြောင်း သိရှိရသည်။

0 comments: