Friday, March 29, 2013

ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ဖွင့်လှစ် ပို့ချ



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင် ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မား ရေး သင်တန်း ဖွင့်ပွဲကို မြိတ်မြို့ အထက(၂)ကျောင်း ခန်းမ၌ မတ် ၂၈ ရက် နံနက် ၉ နာရီက ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း တက်ရောက် လာသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ တက်ရောက်ခဲ့ ကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင်  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က အမှာစကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းသည်။ 


အဆိုပါ သင်တန်းကို ခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေး စုစုပေါင်း (၁၀၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ(၃)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။




0 comments: