Sunday, March 17, 2013

နွေရာသီ ဗုဒ္ဒယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

မြိတ်ခရိုင် ဗုဒ္ဒတက္ကသိုလ် သံဃာတော်များ ဦးစီး တည်ထောင်သော ဗုဒ္ဒ ယဉ်ကျေးမှု ပြန့်ပွားရေး အသင်း၏ နွေရာသီ ဗုဒ္ဒ ယဉ်ကျေး လိမ္မာနှင့် အင်္ဂလိပ်စာ သင်တန်းကို မတ်လ(၁၆) ရက်တွင် ကလွင် အရှေ့ကျောင်းတိုက် အောင်တော်မူ မိုးကုတ် ဓမ္မရိပ်သာ ကျောင်းတိုက်၌ စတင် ဖွင့်လှစ်သည်။ သင်တန်းကို ကလွင် အရှေ့ ကျောင်းတိုက်     ဆရာတော် ဘဒ္ဒန္တ ကုမာရ ဦးစီး၍ သင်တန်း သင်ကြားပို့ချ ပေးသော သံဃာတော် (၁၅)ပါးဖြင့် ဗုဒ္ဒယဉ်ကျေး လိမ္မာ သင်တန်းကို တန်းခွဲ(၃)တန်း (ပထမတန်းမှ တတိယ တန်း၊ စတုတ္ထတန်းမှ ဆဌမတန်း၊ သတ္တမတန်းမှ န၀မတန်း) အား နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီထိ၊ နေ့လည် (၁)နာရီမှ ညနေ(၅)နာရီထိ သင်ကြား ပို့ချ ပေးသွားမည်ဖြစ်ပြီး နေ့လည်(၁၂)နာရီမှ (၁)နာရီ အချိန်တွင် အင်္ဂလိပ်စာ သင်တန်းအား သင်ကြား ပေးသွားမည်ဖြစ်သည်။


အဆိုပါ သင်တန်းကို ကျောင်းသား ကျောင်းသူ(၂၄၁)ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ (၂၅) ရက် ကြာမြင့်မည် ဖြစ်သည်။ အလားတူ သင်တန်းအား မတ်လ (၂၁)ရက် နေ့တွင် တောရအောက်ကျောင်း၌ လည်းကောင်း၊ ဧပြီလတွင် အမက-ရွှေဒူးနှင့် ကျွန်းစုမြို့နယ် ရှော်တောမော် ကျေးရွာတွင် လည်းကောင်း ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။









0 comments: