Sunday, March 10, 2013

မြိတ်မြို့၌ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၅-၃-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မူးယစ်(အထူး) အဖွဲ့နှင့် မြိတ်မူးယစ် (အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများ နှင့်အတူ မြိတ်မြို့၊ ဘုရားကိုင် ရပ်ကွက်၊ မကန်တောင် လမ်းနေ ထင်အောင်(၂၈)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ထင်အောင် ၀တ်ဆင် ထားသည့် ရှပ်အင်္ကျီ လက်တိုဝဲဘက် အိတ်ကပ် အတွင်းမှ ပလပ်စတစ် အိတ်ငယ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ ပြား၊ ဂျင်းဘောင်းဘီ ယာဘက် ရှေ့အိတ်ကပ်အတွင်းမှ နားကြပ်အိတ် အတွင်း အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၇ ပြား၊ အစိမ်းရောင် ဆေးပြား ၂ ပြားပါ ၁ ထုပ်နှင့် အပြာရောင် ကပ်ခွာ အိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၇၅ ပြား၊ အစိမ်းရောင် ဆေးပြား ၂ ပြားပါ ၁ ထုပ်၊ စုစုပေါင်း (၃၈၇) ပြား၊ အလေးချိန် (၃၈.၇)ဂရမ်၊ တန်ဘိုး ငွေကျပ် (၁၉၃၅၀၀၀ိ/-)နှင့် ဂျင်းဘောင်းဘီ ယာဘက် နောက်အိတ်ကပ် အတွင်းမှ ပလတ်စတစ် အိတ်ဖြင့် ထည့်ထားသော အလေးချိန် (၅၀) ဂရမ်ပါ ဘိန်းစာမှုန့် ၁ ထုပ်၊ တန်ဘိုး ငွေကျပ် (၅၀၀၀ိ/-)၊ ၀၉ xxxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

စစ်ဆေးချက် အရ အဆိုပါ ဆေးပြား များအား မြိတ်မြို့၊ ကလွင် ရပ်ကွက်နေ ခင်ညွန့်အောင်(ခ) ခင်ညွန့်(၂၆)နှစ် ထံမှ တစ်ဆင့် ၀ယ်ယူ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သဖြင့် ထင်အောင်အား ခင်ညွန့်အောင် ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ ချိန်းဆိုစေ ခဲ့သည်။ ၁၀၀၀ အချိန် ချိန်းဆိုသည့် နေရာသို့ ခင်ညွန့်အောင် ရောက်ရှိလာပြီး ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ ပြားနှင့် ၀၉ xxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံးတို့ အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး ခင်ညွန့်အောင်၏ နေအိမ်သို့ ဆက်လက် ရှာဖွေခဲ့ရာ နေအိမ် နောက်ဖေး အဖီအတွင်း ခေါင်မိုးရှိ Spite တံဆိပ်ပါ အနီရောင် လက်ကိုင်အိတ် အတွင်းမှ အနီရောင် စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၇၃ ပြား ထပ်မံ သိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၀၇၃) ပြား၊ တန်ဘိုးငွေကျပ် (၃၀၃၆၅၀၀၀ိ/-)သိမ်းဆည်းရမိခဲ့သည်။

ခင်ညွန့်အောင်အား စစ်ဆေး ဖော်ထုတ်ချက်အရ ရေဖြူမြို့နယ်၊ ကလိန်အောင် မြို့နယ်ခွဲ၊ မီးကျောင်းလောင်း ကျေးရွာနေ ရွှေသန်း(၃၈)နှစ် ထံမှ တစ်ဆင့် ၀ယ်ယူရောင်းချ ခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် ရွှေသန်း ခေတ္တ နေထိုင်သော မြိတ်မြို့၊ မြိတ်တောင် နယ်မြေရှိ မသီတာလွင်(ခ) သီတာအေး၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ ရွှေသန်းအား ဖမ်းဆီး ရမိခဲ့ပြီး မသီတာလွင်မှ ရွှေသန်း ၀ှက်ထားသည့် ရေချိုးခန်း အတွင်းရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၇၉၁၄)ပြား၊ တန်ဘိုးငွေကျပ် (၃၉၅၇၀၀၀၀ိ/-)ပါ အထုပ်အား နေအိမ် အပြင်ဘက်သို့ လွှင့်ပစ်လိုက်သဖြင့် နေအိမ် ၀ဲဘက်ဘေး (၃)ပေခန့် အကွာ မြေကြီးပေါ်မှ လည်းကောင်း၊ နေအိမ် အတွင်းရှိ ဘီရို တတိယ အဆင့်မှ Walker တံဆိပ်ပါ အ၀ါရောင်အိတ် အတွင်းရှိ ငွေကျပ် သိန်း(၈၀)အား လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သောကြောင့် ထင်အောင်၊ ခင်ညွန့်အောင်(ခ) ခင်ညွန့်၊ ရွှေသန်း၊ မသီတာလွင်(ခ)သီတာအေးတို့ ၄ ဦးအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိ ရသည်။

(ရဲဇာနည်)
 

2 comments:

Unknown said...
This comment has been removed by the author.
Unknown said...

မူးယစ်ဆေးဝါးအမြစ်ပြတ်ချေမှုန်းရေးအတွက်ရဲတပ်ကိုသတင်း ပေးပို့ ကြပါ တာဝန်သိပြည်သူများဖြစ်ကြပါစေ