Friday, March 29, 2013

မြိတ်မြို့သို့ ဦးခင်ညွန့် လာရောက်သည့် သတင်း မှန်ကန်ခြင်း မရှိ

၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် မြိတ်မြို့သို့ ဦးခင်ညွန့် ( ၀န်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေးမှူး ချုပ်ဟောင်း ) လာရောက် ခဲ့သည် ဆိုသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း သိရှိရသည်။ အဆိုပါသတင်းအား မြိတ်မြို့ သတင်းဆိုက် တစ်ခု ဖြစ်သည့် news of myeik FB page မှ စတင် ဖော်ပြခဲ့ ပြီးနောက် မြိတ်မြို့ တစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။ 
 သတင်းအမှန်မှာ (၂၈) ရက်နေ့တွင် ဦးခင်ညွန့်သည် မန္တလေးမြို့သို့ ရောက်ရှိနေပြီး မစိုးရိမ် တိုက်သစ်ကြီး များ၏ အဓိပတိ မဟာ နာယကချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ ရာဇဓမ္မာ ဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပန သာဓုကီဠန သဘင် အခမ်းအနားသို့ တက်ရောက် ပူဇော်နေကြောင်း သိရှိရသည်။




1 comments:

Unknown said...

မီဒီယာများအနေဖြင့်ပြည်သူများသိရှိနိုင်ရေးအတွက်သတင်းများပေး
ပို့ဖော်ပြရာတွင် အခြေနေအရပ်ရပ်ကိုလေ့လာဆင်ခြင်ပြီးမှ မှန်ကန်သည့်သတင်းမျိုးကိုသာတင်ပြသင့်ပါသည် ပြည်သူများသံသယဖြစ်စေနိုင်သည့် တစ်ဦးတစ်ယောက်ကိုမုန်းတီးစေရန်သဘောဖြင့်မပြုလုပ်သင့် ကြောင်း အမှန်သတင်းကိုသာတင်ပြပေးရန်အကြံပြုလိုက်ပါတယ်