Friday, March 8, 2013

တနင်္သာရီတိုင်း ဒေသကြီး သံဃာ့နာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်း ဆိုင်ရာ အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး သံဃာ့ နာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်း ဆိုင်ရာ အစည်းအဝေးကို မတ်လ(၇)ရက် နံနက်(၉) နာရီတွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော် သာသနာ့ ဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် မဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇော ဘာသ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော် အရှင် သူမြတ်များနှင့် တက်ရောက်လာ ကြသူများမှ နမောတဿ(၃) ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အစည်းအဝေးကို စတင်ကျင်းပခဲ့ ပါသည်။ 
 
ထို့နောက် အစည်းအဝေး သဘာပတိ ဆရာတော် နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့ဝင် မဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသ က သြ၀ါဒ ကထာ မြွက်ကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ကိုယ်စား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ သာသနာရေး ဆိုင်ရာများကို လျှောက်ထားခဲ့ ပါသည်။

ယင်းနောက် အခမ်းအနားမှူး ဆရာတော် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ က ၂၅% အနားယူခြင်း ဆိုင်ရာ လုပ်ငန်း စီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည် စာရင်းကို ကြေငြာပြီး လုပ်ငန်း စီမံချက် အခန်း(၄) အပိုဒ်(၁၁) အပိုဒ်ခွဲ(ဋ)ကို ရှင်းလင်း လျှောက် ထားသည်။ ဆက်လက်၍ လစ်လပ် သွားသော နေရာ၌ အစားထိုး ရွေးချယ်နိုင်ရန် သက်ဆိုင်ရာ နယ်မြေ အလိုက် ဆရာတော်များက အဆို တင်သွင်းကြပြီး တင်သွင်းသည့် အဆိုကို သက်ဆိုင်ရာ ဆရာတော်များက ထောက်ခံကြသည်။

ထိုနောက် သဘာပတိ ဆရာတော်က အစားထိုး ရွေးချယ်ခံရသည့် တိုင်းဒေသကြီး သံဃာ့ နာယက ဆရာတော်ဘွဲ့ အမည် စာရင်းကို တိုင်းဒေသကြီး သံဃာ့ ၀န်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓု (၃)ကြိမ် ခေါ်ဆို အတည်ပြုသည်။ ဆက်လက်၍ သဘာပတိ ဆရာတော်က နိဂုံးချုပ် သြ၀ါဒကထာ မြွက်ကြားပြီး အခမ်း အနားကို ဗုဒ္ဓ သာသနံစိရံ တိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိပါသည်။

ကိုခိုင်ထူး မှ သတင်းပေးပို့ပါသည်


0 comments: