Monday, March 25, 2013

တနင်္သာရီတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ် ကံမော်ရွာနှင့် စခန်းသစ် ကျေးရွာများသို့ သွားရောက် ဒေသခံများနှင့် တွေ့ဆုံပြီး တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို သည် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ၀န်ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဦးသန်းအောင်၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး နှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများ ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် မြိတ်မြို့မှ ၂၀၁၃ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက် (၆) နာရီအချိန်တွင့် မြိတ်မြို့ ဆိပ်ငယ် ဘောတံတားမှ အမြန်ရေယာဉ်ဖြင့် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ သို့ သွားရောက်ခဲ့ရာ နံနက် (၀၈၀၀) နာရီအချိန် ကံမော်ကျေးရွာသို့ ရောက်ရှိခဲ့သည်။

ထိုနောက် (၀၈၃၀) နာရီ အချိန်တွင် ကံမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကံမော်ကျေးရွာအုပ်စု၊ မဲတော ကျေးရွာအုပ်စု၊ ကော်ဇယာ ကျေးရွာအုပ်စု တို့မှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ၊ လူမှုရေး အသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ နှင့် တွေ့ဆုံ အစည်းအဝေး ပွဲ ကျင်းပပြုလုပ်ခဲ့သည် ။ တွေ့ဆုံပွဲတွင် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များက တင်ပြ လာသည့် ပညာရေး ကိစ္စများ ၊ ကျန်းမာရေး ကိစ္စများ ၊ လမ်းပန်း ဆက်သွယ်ရေး ကိစ္စများအား ပေါင်းစပ် ညှိနှိုင်း  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပြီးနောက် ကံမော် ကျေးရွာမှ တဆင့် စခန်းသစ် ကျေးရွာသို့ သွားရောက်ပြီး နေ့လည် (၁၂၃၀) နာရီအချိန်တွင် စခန်းသစ် ကျေးရွာ အထကကျောင်း အစည်းအဝေး ခန်းမ၌ စခန်းသစ်ကျေးရွာ အုပ်စု၊ တောပြားကျေးရွာ အုပ်စု၊ ကဘင်ကျေးရွာ အုပ်စု တို့မှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ၊ လူမှုရေး အသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ နှင့် တွေ့ဆုံ အစည်းအဝေး ပွဲ ကျင်းပပြုလုပ် ခဲ့သည် ။ တွေ့ဆုံပွဲတွင် တက်ရောက် လာသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များက တင်ပြ လာသည့် ပညာရေး ကိစ္စများ ၊ ကျန်းမာရေး ကိစ္စများ ၊ လမ်းပန်း ဆက်သွယ်ရေး ကိစ္စများအား ပေါင်းစပ် ညှိနှိုင်း  ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲတွင် ဒေသခံများက ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး၊ ရွာတွင်းလမ်းများ ဖောက်လုပ်ရေး အတွက် ပံ့ပိုးကူညီ ပေးပါရန် အဓိက ဆွေးနွေး တင်ပြခဲ့ပြီး တိုင်းဝန်ကြီးချုပ် ကလည်း တင်ပြချက်များ အားလုံးအား ပံ့ပိုးကူညီ ဆောင်ရွက်ပေးဟု ကတိပေး ခဲ့ကြောင်း သတင်း ရရှိသည်။



0 comments: