Sunday, March 31, 2013

၂၀၁၃ခုနှစ် နွေရာသီ ကြက်ခြေနီ လူငယ်လေ့ကျင့်ရေးစခန်းသွင်း သင်တန်းဆင်းပွဲ ကျင်းပ


၂၀၁၃ခုနှစ် နွေရာသီ ကြက်ခြေနီ လူငယ် လေ့ကျင့်ရေး စခန်းသွင်း သင်တန်း ဆင်းပွဲအခမ်း အနားကို မတ်လ(၃၁)ရက် နံနက်(၈)နာရီတွင် အထက(၁)ကျောင်း ခန်းမဆောင်၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။

ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဦးစီးမှူး (ဒုတိယတန်း) ဒေါ်အေးအေးသန်းက သင်တန်း ဆောင်ရွက်မှု လုပ်ငန်းများ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အဆိုပါ သင်တန်း အတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ပံ့ပိုးငွေ (၁၂)သိန်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အသင်းခွဲများ ဖွံ့ဖြိုး တိုးတက်ရေး ဌာန ညှိနှိုင်းရေးမှူး ဒေါ်အေးအေးငြိမ်းနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပံ့ပိုးငွေ (၅)သိန်း ကျပ်စီကို အသီးသီး လှူဒါန်းကြရာ တနင်္သာရီတိုင်း ဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တိုင်းဒေသကြီး နည်းပြမှူး ဒေါ်သန်းသန်းအေးက လက်ခံ ရယူသည်။

ယင်းနောက် အခြေခံအဆင့်နှင့် သာမန်အဆင့် သင်တန်းဆင်း လက်မှတ်များကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ အသင်းခွဲများ ဖွံ့ဖြိုး တိုးတက်ရေး ဌာန လူငယ်ရေးရာ အရာရှိ ဒေါ်ငြိမ်းငြိမ်းအိက ပေးအပ်သည်။ ဆက်လက်၍ အခြေခံ အဆင့်၊ သာမန်အဆင့် ထူးချွန်ဆုများကို မြိတ်မြို့နယ် ပညာရေးမှူး ဦးဗိုလ်မောင် က လည်းကောင်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းလည်းကောင်း၊၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦး က လည်းကောင်း၊ အိပ်ဆောင်အလိုက် စည်းကမ်းအကောင်းဆုံးဆုများကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက လည်းကောင်း၊ အဆောင် အလိုက် အိပ်ဆောင် အကောင်းဆုံးဆုများကို အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးဝင်းဟိန်က လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြင့်ကြသည်။

ထိုနောက် တိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဦးစီးမှူး(ပထမတန်း) ဦးကြည်တင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။ အဆိုပါ သင်တန်းကို သင်တန်း သား/သူ (၁၆၅)ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်း ကာလမှာ (၁၀)ရက် ဖြစ်ကြောင်း သတင်း ရရှိသည်။


0 comments: