Sunday, March 17, 2013

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်



မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူု့ ဆက်ဆံရေး ဦးစီးဌာနမှ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် များ ရှင်သန် ခိုင်မာရေး အတွက် မတ်လ(၁၆)ရက် နံနက်(၁၀)နာရီတွင် အင်္ဂမော် ကျေးရွာ အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်သည်။ ရှေးဦးစွာ မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဌေးမှ အင်္ဂမော် ကျေးရွာ အမြင်သစ် စာကြည့်တိုက်တွင် ရပ်မိရပ်ဖများ၊ စာကြည့်တိုက် ကော်မတီဝင်များ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ပညာ ရပ်များ ရှင်းလင်း ဆွေးနွေးပြီး စာကြည့်တိုက် ရှင်သန် ခိုင်မာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စာကြည့်တိုက် ကော်မတီ အသစ် ပြန်လည် ဖွဲ့စည်း၍ ကျေးရွာပြည်သူများ စာပေ ဖတ်ရှု လေ့လာ နိုင်ရေး စည်းရုံး ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြား ခဲ့သည်။
 
ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မတည် ပံ့ပိုးငွေဖြင့် ဆောက်လုပ်ပြီးစီး ခဲ့သော ကန်သာယာ ကျေးရွာ ဘ၀အလင်း စာကြည့်တိုက် အဆောက်အဦသစ်တွင် စာကြည့်တိုက် ကော်မတီဝင်များ နှင့် တွေ့ဆုံ၍ စာကြည့်တိုက် အတွင်း ပရိဘောဂများ၊ စာအုပ် စာစောင်များ တိုးပွားရေး အတွက် စည်းရုံး ဆောင်ရွက် ကြရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။


0 comments: