Sunday, January 27, 2013

မြိတ်မြို့ ကုန်တိုက်အနီး လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ် တစ်ဦးသေဆုံး

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက် ည (၁၀း၃၀) ချိန်ခန့်တွင် မြိတ်မြို့ ကန်ကြီး နယ်မြေ သာကေတရပ် (ကုန်တိုက်အနီး) အနောက်ဖက်လမ်း ၌ လူငယ်များ အချင်းခ်ျင်း အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားရာ ပထမနှစ် (မြန်မာစာ) ကျောင်းသား ဖြစ်သူ မောင်လပြည့်ထူး အသက် (၁၈)နှစ်၊ (ဘ) ဦးညွန့်သောင်း၊ သာကေတ (၄)လမ်း နေသူမှာ အရိုက်ခံရပြီး ရရှိသော ဒဏ်ရာဖြင့် မြိတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ နံနက် (၅) နာရီ အချိန်ခန့် ကွယ်လွန်သွားကြောင်း သိရရှိသည်။

ဖြစ်စဉ်မှာ မောင်လပြည့်ထူးနှင့် သူငယ်ချင်း (၃) ဦးသည် ကုန်တိုက် အနောက်ဖက်လမ်း၌ ဂီတာ တီးနေစဉ် လူငယ် (၇) ဦးမှ ရောက်ရှိလာပြီး မောင်လပြည့်ထူးနှင့် သူငယ်ချင်းများအား တုတ်ဖြင့် ရိုက်နက်ကြရာ (၃)ဦးမှာ ထွက်ပြေး နိုင်ခဲ့ပြီး မောင်လပြည့်ထူးမှာ ရိုက်နှက်ခံရမှုကြောင့် လဲကျသဖြင့် နီးစပ်ရာမှ ဆေးရုံသို့ တင်ပို့ရာ ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ လူငယ် အများစုအား မြိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ 

0 comments: