Saturday, January 5, 2013

မြိတ်မြို့ ရေပုန်းနယ်မြေ လမင်းရပ်ကွက် ပေါ့ဆမီး နေအိမ်(၇)လုံး လောင်ကျွမ်း

(၅-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁)နာရီ ၅၅ မိနစ် အချိန် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေ လမင်းရပ်ကွက် လမင်းရိပ်သာ (၃)လမ်းနေ ကိုထွန်းထွန်း+ မမာလာအောင် နေအိမ်၏ မီးဖိုချောင် မီးကြွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေအိမ် (၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူ လူထုများ၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှင့် ကိုယ့်အားကိုယ်ကိုယ်း မီးသတ်ယာဉ် (၁၁) စီးတို့၏ စုပေါင်း ငြိမ်းသတ်မှုကြောင့် (၂)နာရီ (၁၀) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 
မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး ပျဉ်ခင်း ယိုင်ကာ ၂ထပ် အိမ် (၃)လုံး၊ ဓနိမိုး ပျဉ်ခင်း ယိုင်ကာ အိမ် (၂)လုံး၊ ဓနိမိုး (၁)တိုက် (၁)လုံး၊ ပျဉ်ခင်း ယိုင်ကာ သွပ်မိုး မီးသတ် ဓမ္မာရုံ တစ်လုံး လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၈)စု၊ လူဦးရေ စုစုပေါင်း (၅၁) ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။


0 comments: