Wednesday, January 30, 2013

ရန်ကုန်-မြိတ် အမြန်ရေယာဉ် (ရှပ်ပြေးယာဉ်)လိုင်း တိုးချဲ့ ပြေးဆွဲမည်


တနင်္သာတိုင်း ကမ်းရိုးတမ်းဒေသ ဖြစ်သည့် ထားဝယ်၊ မြိတ် ၊ ကော့သောင်းမြို့များသို့ ပြေးဆွဲလျက်ရှိသော အမြန်ရေယာဉ် (ရှပ်ပြေးယာဉ်) များအား ခရီးစဉ် တိုးချဲ့၍ ရန်ကုန်- မြိတ် ၊ မြိတ်- ရန်ကုန် တစ်ရက်ခြား ပြေးဆွဲခြင်းကို လာမည့် ဇန်န၀ါရီလ (၃၁) ရက်နေ့မှ စတင်ပြီး Fortune Express (မြိတ်) က ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

 (၁၀)နာရီခန့် ကြာမြင့်မည့် ရန်ကုန် -မြိတ် အမြန်ယာဉ် စီးနင်းခ မှာ ၅ နှစ်မှ ၁၂ နှစ် ကြား ကလေး - (၂)သောင်း ကျပ်။ လူကြီး (၄)သောင်းကျပ် ဖြစ်သည်။ အမြန်ယာဉ် စီးနင်းစဉ် အတွင်း နံနက်ပိုင်း လဘက်ရည်နှင့် မုန့်၊ နေ့လည်စာ ထမင်း၊ ညနေပိုင်း လဘက်ရည် များ ကျွေးမွေးမည် ဖြစ်ကြောင်း သိရသည်။။

ထိုအမြန်ယာဉ်ကို မြိတ်မြို့နှင့် ရန်ကုန်မြို့များမှ မနက်ပိုင်းတွင် ထွက်ခွာမည် ဖြစ်ပြီး မြိတ်မြို့တွင် ဆိပ်ငယ်ရပ် ဗောတံတားမှ လည်းကောင်း၊ ရန်ကုန်မြို့တွင် ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှလည်းကောင်း ထွက်ခွာမည် ဟု သိရသည်။

အမြန်ယာဉ်လက်မှတ်များကို ရန်ကုန်မြို့တွင် အမှတ်(၃၀) ၊ မြေညီထပ်၊ နွယ်နီလမ်း ၊ အလုံမြို့နယ်တွင် (ဖုန်း - ၀၁-၂၃၀၀၂၀၆နှင့် ၀၉၅၀၀၉၁၄၇ ) ၀ယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်. ။

0 comments: