Friday, January 18, 2013

မြိတ်မြို့ လမင်းရပ် မီးဘေးသင့် နေအိမ် NLD မှ ဆောက်လုပ် လှူဒါန်း

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ မြိတ်မြို့နယ်မှ ဦးစီးပြီး ရေပုန်း နယ်မြေ လမင်းရပ်ကွက် မီးလောင်မှု တွင် ဆုံးရှုံးသွားသော နေအိမ် (၆) လုံးအတွက် တစ်လုံးလျှင် တန်ဖိုး (၁၉၅၀၀ိ/) တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ရန် အတွက် လှူဒါန်း ပြီး ဖြစ်ကြောင်း နှင့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် စတင် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ လှူဒါန်း ငွေများမှာ NLD ပါတီဝင်များနှင့် စေတနာရှင်များက ထည့်ဝင်လှူဒါန်း ငွေဖြစ်ပြီး မြိတ် NLD က ကမကထပြု ဆောက်လုပ်ပေးကြောင်း သိရှိရပါသည်။ 

အဆိုပါ မီးလောင်ကျွမ်းမှုမှာ (၅-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁)နာရီ ၅၅ မိနစ် အချိန် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေ လမင်းရပ်ကွက် လမင်းရိပ်သာ (၃)လမ်းနေ ကိုထွန်းထွန်း + မမာလာအောင် နေအိမ်၏ မီးဖိုချောင် မီးကြွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ မီးလောင် ကျွမ်းမှုကြောင့် သွပ်မိုး ပျဉ်ခင်း ယိုင်ကာ ၂ထပ် အိမ် (၃)လုံး၊ ဓနိမိုး ပျဉ်ခင်း ယိုင်ကာ အိမ် (၂)လုံး၊ ဓနိမိုး (၁)တိုက် (၁)လုံး၊ ပျဉ်ခင်း ယိုင်ကာ သွပ်မိုး မီးသတ် ဓမ္မာရုံ တစ်လုံး လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၈)စု၊ လူဦးရေ စုစုပေါင်း (၅၁) ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
 

0 comments: